Migrant Times Blog အလုပ်သမား သတင်း နိုင်ငံတကာ တောင်ကိုရီးယားနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှု နှင့် ရေကြီးမြေပြိုမှုကြောင့် ထိုင်းအလုပ်သမားများအတွက် စိုးရိမ်ကြောင်း အလုပ်သမားဝန်ကြီး ပြော
နိုင်ငံတကာ အလုပ်သမား သတင်း

တောင်ကိုရီးယားနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှု နှင့် ရေကြီးမြေပြိုမှုကြောင့် ထိုင်းအလုပ်သမားများအတွက် စိုးရိမ်ကြောင်း အလုပ်သမားဝန်ကြီး ပြော

တောင်ကိုရီးယားနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှု နှင့် ရေကြီးမြေပြိုမှုကြောင့် ထိုင်းအလုပ်သမားများအတွက် စိုးရိမ်ကြောင်း အလုပ်သမားဝန်ကြီး ပြော

ဇူလိုင် ၁၈ ရက်
ခွန်သောမတ်၊ Migrant Times
  • တောင်ကိုရီးယားနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေရာအများအပြားတွင် ရေကြီးမြေပြိုမှု ဖြစ်ပွားခဲ့ပြီး ထိုင်းနိုင်ငံသူ ၁ ဦးအပါအ၀င် အနည်းဆုံး လူ ၄၉ ဦး သေဆုံးကာ ထောင်နှင့်ချီသော လူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရကြောင်း သိရပါတယ်။ဆိုးလ်မြို့ရှိ ရေကြီးမြေပြိုမှု ဖြစ်ပွားခဲ့သည့် နေရာတွင် သေဆုံးသွားသည့် ထိုင်းနိုင်ငံသူ Ms. Patcharamon Ratkratoke အသက် ၃၃ နှစ်သည် Nakhon Ratchasima ပြည်နယ် နေထိုင်သူ ဖြစ်ပြီး ခင်ပွန်းဖြစ်သူနှင့်အတူ ခရီးသွားဗီဇာဖြင့် တောင်ကိုရီးယားသို့ ၃ နှစ်နီးပါး သွားရောက် အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း ဆိုးလ်မြို့ရှိ ထိုင်းသံရုံးမှ မစ္စတာ Nithipat Watanasuwakul သတင်းဌာနကို ပြောပါတယ်။
  • “တောင်ကိုရီးယားနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းပြီး သဘာဝဘေးအန္တရာယ် ရေကြီး ရေလျှံမှုများ ဖြစ်နေချိန် ဆိုးလ်မြို့ရှိ ထိုင်းတော်ဝင် သံရုံးမှတဆင့် သတင်း အချက် အလက်များကို အနီးကပ် စောင့်ကြည့်ရန် ထိုင်းအလုပ်သမားများအတွက် စိုးရိမ်ကြောင်း ထိုင်း အလုပ်သမား၀န်ကြီး မစ္စတာ ဆူချက် ချွမ်ကလင် က ပြောပါတယ်။ရေကြီး မြေပြိုမှုကြောင့် သေဆုံးသွားသည့် ထိုင်းနိုင်ငံသူ၏ နေအိမ်တွင် လူသားချင်း စာနားထောက်ထားမှု အကူအညီပေးပြီး မစ္စ Phacharamon ၏ ဈာပနအခမ်းအနား ကူညီဆောင်ရွက်ပေးသည့် ဆွေမျိုးများအား အကြောင်းကြားပြီး ပုဒ်မ ၃၃ အရ ကွယ်လွန်သူ အာမခံစုဆောင်းငွေအချို့ နှင့် အစိုးရမှပေးအပ်သည့် အကျိုးခံစားခွင့်များ တရားဝင် ပေးအပ်သွားမည်ဖြစ်ကြောင့် အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Mr. Bunchob Suttamanatwong က ပြောကြားကြောင်း သိရပါတယ်။
  • ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့ရှိ ထိုင်းတော်ဝင်သံရုံး၏ သတိပေးချက် ထုတ်ပြန် ထားပြီး နောက် ၁ – ၂ ပတ်အတွင်း နေရာတော်တော်များများမှာ ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး အကူအညီ တောင်းခံလိုပါက ထိုင်းသံရုံး၏ အရေးပေါ် ဖုန်းနံပါတ် +8210-6747-0095 နှင့် +8210-3099-2955 သို့ ဆက်သွယ်နိုင်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version