Migrant Times Blog အလုပ်သမား သတင်း နိုင်ငံတကာ ဂျပန်လူဦးရေ တစ်နှစ် ၈ သိန်းခန့် ကျဆင်းပြီးနိုင်ငံခြားသားလိုအပ်မှု ကြီးနေ
နိုင်ငံတကာ အလုပ်သမား သတင်း

ဂျပန်လူဦးရေ တစ်နှစ် ၈ သိန်းခန့် ကျဆင်းပြီးနိုင်ငံခြားသားလိုအပ်မှု ကြီးနေ

ဂျပန်လူဦးရေ တစ်နှစ် ၈ သိန်းခန့် ကျဆင်းပြီးနိုင်ငံခြားသားလိုအပ်မှု ကြီးနေ

ဇူလိုင်၂၇ ရက်
ခွန်သောမတ်၊ Migrant Times
  • ဂျပန်နိုင်ငံလူဦးရေဟာ ၁၄ နှစ်အတွင်း နေထိုင်သူ မှတ်ပုံတင်ခြင်းဆိုင်ရာ အချက်အလက်များအရ ၂၀၂၂ ခုနှစ်မှာ ၈ သိန်းခန့်အထိ ကျဆင်းနေကြောင်း သိရပါတယ်။ဂျပန်နိုင်ငံမှာ နေထိုင်တဲ့ နိုင်ငံခြားသား ဦးရေဟာ ၂ ဒသမ ၉၉ သန်းရှိပြီး ယခင်နှစ်ကထက် ၁၀ ဒသမ ၇ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း၊ တိုကျိုမြို့တော်မှာ စုစုပေါင်းလူဦးရေ၏ ၅ သိန်းကျော်၊ ရာခိုင်နှုန်းအားဖြင့် ၄ ဒသမ ၂ ရာခိုင်နှုန်းနဲ့ နိုင်ငံခြားသား နေထိုင်သူဦးရေ အများဆုံးရှိတဲ့ မြို့တော်ဖြစ်ကြောင်း ပြည်တွင်းရေးရာနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနက တရား၀င် ထုတ်ပြန်ထားပါတယ်။
  • COVID-19 မဖြစ်ပွားမီ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်ကစ​ပြီး ကိုဗစ်အလွန် ဂျပန်နိုင်ငံမှာ ဂျပန်လူ့အဖွဲ့အစည်းဟာ ရာနှုန်းပြည့် သက်ကြီးရွယ်အို လူ့အဖွဲ့အစည်းဖြစ်လာပြီး မွေးဖွားနှုန်း ကျဆင်းနေတဲ့ဂျပန်လူဦးရေအတွက် ထောက်ပံ့ရေးဆိုင်ရာ လူမှုဖူလုံရေး အကျိုးခံစားခွင့်မှာ နိုင်ငံခြားသား​တွေွလည်း ပါဝင်နေပါတယ်။“အလုပ်သမား လုံခြုံမှုရှိဖို့ အစိုးရဟာ အမျိုးသမီး၊ သက်ကြီးရွယ်အိုနဲ့ တခြားသူတွေရဲ့အလုပ်အကိုင်အခွင့်အလမ်းတိုးမြင့်လာစေဖို့ လုပ်သားဈေးကွက် ပြုပြင်ပြောင်းလဲမှုကို မြှင့်တင်မယ်” လို့ အစိုးရအဖွဲ့ အတွင်းဝန်ချုပ် Hirokazu Matsuno က ပြောကြားပါတယ်။
  • ဂျပန်နိုင်ငံ လူဦးရေ နှစ်ပေါင်းများစွာ ဆက်တိုက် ကျဆင်းလာမှုကြောင့် ဂျပန်နိုင်ငံမှာ လုပ်သားရှားပါးမှု ဖြစ်ပေါ်ခဲ့ပြီး နိုင်ငခြား လုပ်သားလိုအပ်မှု ကြီးမား ပြင်းထန်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ဂျပန်နိုင်ငံ အစိုးရက ချမှတ်ထားတဲ့ စီးပွားရေးတိုးတက်မှု ရည်မှန်းချက် ပြည့်မီစေဖို့ ၂၀၄၀ ပြည့်နှစ်မှာ နိုင်ငံခြားသား အလုပ်သမား လေးဆခန့် လိုအပ်မယ်လိူ့လည်း တိုကျို Think Tank အဖွဲ့က သတိပေးခဲ့ပါတယ်။
ကိုးကား- www.prachachat.net

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version