Migrant Times Blog အလုပ်သမား သတင်း နိုင်ငံတကာ ထိုင်းမှာ အုန်းသီးခူး မျောက်လုပ်သား အသုံးပြုမှုကို တားဆီးဖို့ အစိုးရ စီမံ
နိုင်ငံတကာ သတင်း

ထိုင်းမှာ အုန်းသီးခူး မျောက်လုပ်သား အသုံးပြုမှုကို တားဆီးဖို့ အစိုးရ စီမံ

ထိုင်းမှာ အုန်းသီးခူး မျောက်လုပ်သား အသုံးပြုမှုကို တားဆီးဖို့ အစိုးရ စီမံ

ဩဂုတ် ၂၇ ရက်
ခွန်သောမတ်၊ Migrant Times
  • ထိုင်းနိုင်ငံ အစိုးရဟာ အုန်းသီးခူးတဲ့ မျောက်လုပ်သားအသုံးပြုမှုကို တားဆီးဖို့ အစီအမံတွေ လုပ်ဆောင်​နေပြီးထုတ်လုပ်မှု စံချိန်စံညွှန်းမြှင့်တင်ဖို့ GAP (Good Agricultural Practice) Monkey Free Plus (MFP) အမှတ်အသားကို တွန်းအားပေးတယ်လို့ ဝန်ကြီးချုပ်ရုံး ဒုတိယပြောရေး ဆိုခွင့်ရှိသူ မစ္စရတ်ဒါသနဒီရစ်က ပြောပါတယ်။ထိုင်းနိုင်ငံဟာ အုန်းသီးတင်ပို့တဲ့ လုပ်ငန်းအပေါ် ယုံကြည်မှု နိုးထလာကာ ကမ္ဘာ့စျေးကွက်သို့ ပိုမို ထိုးဖောက် နိုင်ဖို့ ဆောင်ရွက်နေကြောင်း၊ ထိုင်းအစိုးရအ​နေနဲ့ အစားအစာ ထုတ်လုပ်မှုစနစ် ဘေးကင်းရေး GAP (Good Agricultural Practice) MFP (GAP Monkey Free Plus) အသိအမှတ်ပြု ထုတ်ပေးရေး စီမံချက်ကိုအကောင်အထည်ဖော် ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။
  • စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးနှင့်သမဝါယမဝန်ကြီးဌာနဟာ သက်ဆိုင်ရာကဏ္ဍတွေနဲ့ ပူးပေါင်းပြီး အစိုးရနဲ့ အေဂျင်စီ​‌တွေ၊ ပုဂ္ဂလိကကဏ္ဍ၊ အသင်းအဖွဲ့တွေ၊ ထိုင်းအုန်းသီးထွက်ကုန် ထုတ်လုပ်သူ၊ ဖြန့်ဖြူးသူတွေနဲ့ အုန်းခြံ​ေတွကို GAP Monkey Free Plus တိုင်းတာဆောင်ရွက်လျက်ရှိပါတယ်။အုန်းခြံ စိုက်ပျိုးတောင်သူတွေအတွက် လမ်းညွှန်ချက်အဖြစ် ထိုင်းအုန်းသီးလုပ်ငန်း လေ့လာဖို့ လမ်းဖွင့်ထားပြီး အုန်းခြံမှာ အုန်းသီးခူးသိမ်းမှု နည်းပညာအသစ်ကို ဆက်လက်အသုံးပြုမှာဖြစ်ကြောင်း သိရပါတယ်။လက်ရှိတွင် GAP MFP စာရင်းစစ်အောင်မြင်ပြီးသော အုန်းစိုက်ခင်း ၁,၃၇၂ ကွက်ရှိပြီး ဧရိယာ ဧကပေါင်း ၁၃,၅၄၆ ဧက နဲ့ အုန်းနုမြေကွက် ၅၃၃ ကွက်၊ ဧရိယာ ၆,၅၉၇ ဧက ကို လွှမ်းခြုံထားပြီး GAP လက်မှတ်ရ တောင်သူ ၄,၅၂၆ ကွက်ခန့်၊ ၄၇,၁၂၅ ဧကကို စစ်ဆေးပြီး တောင်သူတွေနဲ့ လုပ်ငန်းရှင်တွေကို ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ စစ်ဆေးမှာဖြစ်ပါတယ်။
ကိုးကား-www.thansettakij.com

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Exit mobile version