Migrant Times Blog အလုပ်သမား သတင်း နာမည်ကြီးအမှတ်တံဆိပ်တွေ မြန်မာနိုင်ငံက မထွက်ဖို့နဲ့အတူလက်တွဲလုပ်ဆောင်ဖို့ အဆင်သင့်ရှိတယ်လို့ အထည်ချုပ်လုပ်ငန်းရှင်အသင်း ထုတ်ပြန်
အလုပ်သမား သတင်း

နာမည်ကြီးအမှတ်တံဆိပ်တွေ မြန်မာနိုင်ငံက မထွက်ဖို့နဲ့အတူလက်တွဲလုပ်ဆောင်ဖို့ အဆင်သင့်ရှိတယ်လို့ အထည်ချုပ်လုပ်ငန်းရှင်အသင်း ထုတ်ပြန်

နာမည်ကြီးအမှတ်တံဆိပ်တွေ မြန်မာနိုင်ငံက မထွက်ဖို့နဲ့အတူလက်တွဲလုပ်ဆောင်ဖို့ အဆင်သင့်ရှိတယ်လို့ အထည်ချုပ်လုပ်ငန်းရှင်အသင်း ထုတ်ပြန်

ဩဂုတ် ၂၆ ရက်
အရုဏ်ဦး၊ Migrant Times
  • မြန်မာနိုင်ငံကထွက်ခွာမယ်လို့ ကြေညာထားတဲ့နာမည်ကြီး အမှတ်တံဆိပ်ကုမ္ပဏီတွေအနေနဲ့ ဆက်ပြီးလုပ်ငန်းလုပ်ကိုင်ဖို့နဲ့ အတူလက်တွဲလုပ်ဆောင်ဖို့ အဆင်သင့်ရှိနေတယ်ဆိုပြီး မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်အသင်းက ထုတ်ပြန်ပါတယ်။အပြည်ပြည်ဆိုင်ရာအမှတ်တံဆိပ်တွေအနေနဲ့ မြန်မာနိုင်ငံမှာ တာဝန်သိစွာဆက်လက် တည်ရှိနေခြင်းဟာ အကောင်းဆုံးနည်းလမ်း ဖြစ်မယ်လို့အခိုင်အမာ ယုံကြည်ကြောင်း၊ တာဝန်ယူမှုနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်မှုကနေအလုပ်အကိုင်အခြေအနေတွေ ပိုမိုကောင်းမွန်လာစေဖို့ အထောက်အကူပြုမယ်လို့ ယုံကြည်ကြောင်း အဲဒီအသင်းရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
  • ဒါ့အပြင် မြန်မာနိုင်ငံမှာ တာဝန်ယူမှုရှိတဲ့စီးပွားရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်ဖို့ အပြည်ပြည်ဆိုင်ရာအမှတ်တံဆိပ်တွေ၊ မိတ်ဖက်တွေနဲ့ အတူလက်တွဲလုပ်ဆောင်ဖို့ အမြဲအဆင်သင့်ရှိနေပြီး အထည်ချုပ်လုပ်ငန်း​ရှင်တွေ၊ အလုပ်သမားတွေအားလုံးအတွက်အထည်ချုပ်ကဏ္ဍ အခြေအနေတိုးတက်ကောင်းမွန်လာဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ကတိပြုတယ်လို့ ဆိုပါတယ်။H&M အမှတ်တံဆိပ်ကမြန်မာနိုင်ငံကနေ ထွက်ခွာမယ်ဆိုတဲ့ ကြေညာချက်ထွက်လာပြီးတဲ့နောက် အထည်ချုပ်လုပ်ငန်းရှင်အသင်းက အခုလို ထုတ်ပြန်ချက်ထုတ်လိုက်တာဖြစ်ပါတယ်။
  • အခုလိုမမျှော်မှန်းထားသော ဖြစ်ပေါ်ပြောင်းလဲမှုသတင်းစကားကြားရလို့ စိတ်မကောင်းဖြစ်ရတယ်လို့ အဲဒီအသင်းက ဆိုပါတယ်။အခုလို မြန်မာနိုင်ငံက ထွက်ခွာမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေကြောင့် အလုပ်ထုတ်ခံရနိုင်ခြေ မြင့်မားမှုအပါအဝင် စက်ရုံများရှိ ဝန်ထမ်းများရဲ့ အသက်မွေးဝမ်းကြောင်းကိုများစွာထိခိုက်စေနိုင်တယ်လို့ ဖော်ပြထားသလို ၂၀၀၀ပြည့်နှစ်အစောပိုင်းက အလားတူ ထွက်ခွာမှုတွေကြောင့်အနှုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေကိုမျက်ဝါးထင်ထင် တွေ့မြင်ရပြီးဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။အထည်ချုပ်လုပ်ငန်းရှင်အသင်းက နာမည်ကြီးအမှတ်တံဆိပ်တွေ ထွက်မသွားဖို့ တောင်းဆိုနေပေမယ့် စက်ရုံတွေမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေအပေါ် လျစ်လျူရှုနေခဲ့တယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ဆိုပါတယ်။
  • ” လုပ်ငန်းရှင်တွေက သူတို့အကျိုးစီးပွား ထိမှာကြောက်လို့ ပြာပြာသလဲ ထုတ်ပြန်တဲ့ သဘောလို့ပဲ ယူဆတယ် ” လို့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးက ပြောပါတယ်။အထည်ချုပ်လုပ်ငန်းရှင်အသင်းက အလုပ်သမားတွေအလုပ်လက်မဲ့ဖြစ်မှာကို စိုးရိမ်ပြနေပေမယ့် မြေပြင်မှာတော့ အဲဒီလုပ်ငန်းရှင်တွေကပဲ အလုပ်သမားတွေကို မထင်ရင် မထင်သလို အလုပ်ထုတ်နေကြတယ်လို့လည်း စက်ရုံလုပ်သားတချို့က ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version