Migrant Times Blog သတင်း ငလျင်ကြောင့် သေဆုံးသူ ၃၆ဝဝ ဦးရှိလာ
သတင်း

ငလျင်ကြောင့် သေဆုံးသူ ၃၆ဝဝ ဦးရှိလာ

စစ်ကိုင်းမြို့နှင့် မန္တလေးမြို့အနီးတွင် ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ရစ်(ခ်)တာစကေး (၇.၇) အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေးမြို့တွင် အဆိုးရွားဆုံး ထိခိုက်ပျက်စီးကာ လူသေဆုံးမှုများခဲ့သည်။

ယနေ့ ဧပြီလ ၈ ရက်နေ့ ၊ ငလျင်လှုပ်ခတ်ပြီး ၁၁ ရက်မြောက်ရှိချိန်တွင် နောက်ဆက်တွဲ ငလျင်ငယ်များကြောင့် ထိခိုက်ပျက်စီးမှုများ ဆက်ရှိနေသည်။

ငလျင်ဒဏ်ကြောင့် ဧပြီလ ၇ ရက်နေ့အထိ သေဆုံးသူ (၃၆ဝဝ) ဦး၊ ဒဏ်ရာရရှိသူ (၅ဝ၁၇) ဦး၊ ပျောက်ဆုံးသူ (၁၆ဝ) ဦး ရှိကြောင်း စစ်ကောင်စီက နောက်ဆုံးထုတ်ပြန်သည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ယနေ့ ဧပြီလ ၈ ရက်နေ့မှ ၂ ရက်အတွင်း ငလျင်ဒဏ်ထိခိုက်ခဲ့သည့် နေပြည်တော်ခရိုင်နှင့် မန္တလေးတိုင်းဒေသကြီးအပါအဝင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်သည်။

  • Migrant Times
Exit mobile version