နိုဝင်ဘာ 7, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

News

သတင်း

မဲဆောက်တွင် မြန်မာအမျိုးသမီးအား ဓားဖြင့်တိုက်ခိုက်ပြီး ထွက်ပြေးသူကိုရှာဖွေနေ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ် ခရိုင်ရုံးခန်းမဘေးရှိ အိမ်သာအဟောင်းတစ်ခုတွင် ယနေ့နံနက် ၁၁ နာရီခန့်၌ မြန်မာအမျိုးသမီးတစ်ဦးကို လည်လှီးခဲ့ပြီး ထွက်ပြေးနေသည့် အမျိုးသား ၁ ဦးကို ရဲတပ်ဖွဲ့ကရှာဖွေနေကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ၎င်းအမျိုးသားကို ဖမ်းဆီးရန် CCTV မှတ်တမ်းများကို ပြန်လည်စစ်ဆေးနေပြီး အဆိုပါအမျိုးသားသည်အသက် ၁၈ နှစ်မှ ၂၀ နှစ်ကြား ရှိသည်ဟု ရဲတပ်ဖွဲ့က ယူဆထားသည်။ ၎င်းသည် မည်သည့်နိုင်ငံသားဖြစ်သည်ကို ဖော်ပြထားခြင်းမရှိဘဲ နယ်စပ်ဖြတ်ကျော်ထွက်ပြေးမည်ကို ရဲတပ်ဖွဲ့ကစိုးရိမ်နေသည်။ ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာသည် မဲဆောက်ခရိုင်ရုံးခန်းမဘေးရှိ အစည်းအဝေးများရှိမှသာ ဖွင့်လှစ်သော အိမ်သာအဟောင်းတစ်ခုဖြစ်ပြီး အိမ်သာအတွင်း ကြမ်းပြင်ပေါ်တွင် သွေးစွန်းထင်းမှုများစွာ တွေ့ရှိခဲ့ကြောင်း ၊ တိုက်ခိုက်ခံရသူသည်မြန်မာနိုင်ငံသူ အသက် ၂၁ နှစ်အရွယ် မဂျူဂျူဖြစ်ပြီး လည်ပင်းတွင် ပြင်းထန်သော ဒဏ်ရာရရှိကာ သွေးအလွန်အကျွံ ထွက်နေသည်ကို

Read More
သတင်း အလုပ်သမား သတင်း

ထိုင်းမှာ ဘတ်အသစ် ပြုလုပ်ပေးခြင်းကို ယာယီရွှေ့ဆိုင်း

ထိုင်းနိုင်ငံတွင် အောက်တိုဘာလ ၁၅ ရက်နေ့က စတင်လိုက်သည့် တရားမဝင်သည့် ရွှေ့ပြောင်းအလုပ်သမားများအား ဘတ်(ခေါ်)ပန်းရောက်ကတ် နေထိုင်လုပ်ကိုင်ခွင့် (Work Permit) အသစ် ပြုလုပ်ပေးခြင်းလုပ်ငန်းစဉ်ကို ယာယီရွှေ့ဆိုင်းလိုက်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက အောက်တိုဘာလ ၁၆ ရက်တွင်ကြေညာသည်။ ထိုင်းနယ်စပ်အခြေအနေ မတည်ငြိမ်မှုကြောင့် ဘတ်အသစ် လုပ်ငန်းစဉ်ကို ရွှေ့ဆိုင်းလိုက်သည်ဟုဖော်ပြထားပြီး မည်သည့်ရက်တွင် ပြန်လည်ပြုလုပ်ပေးမည်ဟု ဖော်ပြထားခြင်းမရှိပါ။ အလုပ်သမားမှတ်ပုံတင်ခြင်းအား အွန်လိုင်း သို့မဟုတ် လူကိုယ်တိုင် စာရင်းသွင်းခြင်းကို ယာယီရပ်ဆိုင်းလိုက်ကြောင်းထုတ်ပြန်သည်။ လက်ရှိနယ်စပ်အခြေအနေများသည် ထိလွယ်ရှလွယ်ဖြစ်နေခြင်းကြောင့် ရွှေ့ပြောင်း နိုင်ငံခြားသားများအားမှတ်ပုံတင်သည့်လုပ်ငန်းစဉ်ကိုယာယီရွှေ့ဆိုင်းခြင်းဖြစ်ကြောင်း ဖော်ပြသည်။ နိုင်ငံခြားသားအလုပ်သမားများအတွက် နေထိုင်လုပ်ကိုင်ခွင့် E-Work Permit စနစ် အလုပ်လုပ်ခွင့်လျှောက်လွှာများအား အွန်လိုင်းဝက်စ်ဆိုက်ပေါ်၌ အောက်တိုဘာလ ၁၅ ရက်မှ စတင်နိုင်ပြီဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပြီး ၂၄ နာရီအပြည့်ခင် ယခုထုတ်ပြန်ချက်ထွက်လာခြင်းဖြစ်သည်။ အလုပ်သမားဝန်ကြီးဌာန၏ ဇူလိုင်လကုန် စာရင်းအရ

Read More
သတင်း

ထိုင်းသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာလုပ်သား ၃ ဦး ရေနစ်သေဆုံး

ထိုင်းနိုင်ငံ ၊ကန်ချနဘူရီပြည်နယ်၊ ဆန်ခလဘူရီဒေသရှိ ရေလှောင်တမံတစ်ခုတွင် ယမန်နေ့ စက်တင်ဘာလ ၁၂ ရက်နေ့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ ဦး (အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး)၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ကြောင်းထိုင်းသတင်းကဖော်ပြသည်။ ဒေသခံများသည် ယမန်နေ့ ရုပ်အလောင်းများ တွေ့ရှိခဲ့ပြီး ထိုင်းအာဏာပိုင်များထံ အကြောင်းကြားခဲ့သည်။ ထိုင်းအာဏာပိုင်များအဆိုအရ သေဆုံးသူ ၃ ဦးသည် စက်တင်ဘာလ ၉ ရက်နေ့ည၌ တရားမဝင် နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံထဲသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် မြန်မာအလုပ်သမား ၂၂ ဦးအနက်မှ ဖြစ်နိုင်ကြောင်းသိရသည်။ မြန်မာအလုပ်သမားများအား လူမှောင်ခိုသမားများက ဝါဂျီရာလောင်ကွန်းဆည်ရေလှောင်တမံကို ဖြတ်ကျော်၍ ထောင်းဖဖုံခရိုင်ကမ်းခြေဘက်သို့ လှေဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း၊ ဖြတ်သန်းစဉ်အတွင်း လှေသည် ရေအောက်ရှိ သစ်ငုတ်ကို တိုက်မိခဲ့ပြီး အလုပ်သမား ၃

Read More
သတင်း

ဘန်ကောက်မြို့ရှိ မြန်မာလုပ်သား ၄၃ ဦး လစာ ဘတ် ၁ဝ သိန်းကျော်မရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊စူကိုဝစ်ဆွယ်(၁)တွင်ရှိသော ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်လုပ်နေကြသည့် မြန်မာအလုပ်သမား ၄၃ ဦး၏ လုပ်ခနှစ်လစာ ဘတ် ၁ဝ သိန်းကျော်အား အလုပ်ရှင်မှပေးချေခြင်းမရှိကြောင်း အလုပ်သမားများကပြောသည်။ “ ပိုက်ဆံထွက်မယ့်ရက်က ဟိုရက်ရွေ့ဒီရက်ရွေ့နဲ့ခု ၂ လဖြစ်သွားပြီ။ ကျနော်တို့လိုချင်တာက လုပ်အားခ နှစ်လစာရယ် စာအုပ်စာတမ်းတွေရယ် သူဌေးလက်မှတ်ပါတဲ့ ဘိုက်ကျန့်အော်ရယ်လိုချင်ပါတယ်” ဟု မြန်မာအလုပ်သမားတစ်ဦးကပြောသည်။ မြန်မာအလုပ်သမားများသည် MoU ဖြင့်လာရောက်သည့်အလုပ်သမား၊ CI စာအုပ်နှင့် ပန်းရောင်ကတ်(ဘတ်)အသစ် ကိုင်ဆောင်ထားကြသူများဖြစ်ပြီး ထိုလုပ်ငန်းတွင်လုပ်ကိုင်နေသည်မှာ ၂ နှစ်မှ ၆ နှစ်ခန့်အထိရှိနေပြီဖြစ်ကြောင်း သိရသည်။ အလုပ်ရှင်သူဌေးက ဇူလိူင်လ ၇ ရက်နေ့မှ စက်တင်ဘာလ ၉ ရက်နေ့အထိနှစ်လစာ လစာမပေးဘဲပြုလုပ်နေပြီး မြန်မာအလုပ်သမား ၄၃ ဦး၏ လစာမှာ (၁)ဦးလျှင် ဘတ် ၂၅,ဝဝဝ နှုန်းဖြင့်

Read More
သတင်း

မလေးရှားတွင် တရားမဝင်နေထိုင်သည့် မြန်မာ ၆၉ ဦးဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့ ဒနောင်းကိုတာ(Danau Kota) ဧရိယာရှိ ၁၉ ထပ်တိုက်ခန်းတစ်ခုကို မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန (JIM)က ယနေ့ နံနက်အစောပိုင်း၌ ဝင်ရောက်စီးနင်းခဲ့ပြီး တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၁၂၅ ဦးအား ဖမ်းဆီးခဲ့ကြောင်း မလေးရှားသတင်းကဖော်ပြသည်။ ၎င်းတို့ထဲတွင် မြန်မာနိုင်ငံသား (၆၉) ဦး၊ အိန္ဒိယ (၂၅) ဦး၊ ပါကစ္စတန် (၁၄) ဦး၊ အင်ဒိုနီးရှား (၁၂) ဦးနှင့် ဘင်္ဂလားဒေ့ရှ် (၅) ဦးတို့ဖြစ်ပြီး အမျိုးသား ၈၁ ဦးနှင့် အမျိုးသမီး ၄၄ ဦး ပါဝင်ကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန (JIM) ကထုတ်ပြန်သည်။ JIM ကွာလာလမ်ပူ ညွှန်ကြားရေးမှူး ဝမ်မိုဟာမက်က “နှစ်ပတ်ကြာ ထောက်လှမ်းပြီးနောက် တိုက်ခန်း ၃၈ဝ

Read More
သတင်း

ဘန်ကောက်နှင့် စမွတ်ပရာကန်နေရာအချို့ကို ခွေးရူးပြန်ရောဂါ ကူးစက်ဇုန်အဖြစ် အရေးပေါ်ကြေညာ

ထိုင်းနိုင်ငံ ဘန်ကောက်နှင့် စမွတ်ပရာကန်ရှိ အချို့သောနေရာများကို ခွေးရူးပြန်ရောဂါ ယာယီကူးစက်ဇုန်အဖြစ် အရေးပေါ် ကြေညာခဲ့ပြီး ခွေး၊ ကြောင်နှင့် အခြားနို့တိုက်သတ္တဝါများ ရွှေ့ပြောင်းခြင်းကို ရက် ၃ဝ ပိတ်ပင် လိုက်ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ဘန်ကောက်၊ ဖရာဝတ်ခရိုင်၊ နွန်ဘွန်ရပ်ကွက်တွင် ခွေးရူးပြန်ရောဂါဖြစ်ပွားမှုများ တွေ့ရှိပြီးနောက် တိရစ္ဆာန်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးဌာနကထုတ်ပြန်ခြင်းဖြစ်သည်။ ခွေးရူးပြန်ရောဂါသည် လူ၊ ခွေး၊ ကြောင်၊ နွား၊ ကျွဲနှင့် အခြားနို့တိုက်သတ္တဝါများထံ ကူးစက်နိုင်သည့် အန္တရာယ်ရှိသောခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ထားပြီး စက်တင်ဘာလ ၉ ရက်နေ့မှ အောက်တိုဘာလ ၈ ရက်နေ့အထိ ထိုနေရာများတွင် အရေးပေါ်စောင်ကြည့်ရေးဇုန်အဖြစ်သတ်မှတ်ထားကြောင်းထုတ်ပြန်သည်။ သတ်မှတ်ထားသည့်ဇုန်အတွင်း တိရစ္ဆာန်ဆေးကုဆရာဝန်၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ခွေး၊ ကြောင် သို့မဟုတ် ၎င်းတို့၏ အသေကောင်များကို အပြင်သို့ ရွှေ့ပြောင်းခြင်းမပြုရန်၊ တိရစ္ဆာန်ပိုင်ရှင်များသည် ဖျားနာသော တိရစ္ဆာန်များကို

Read More
သတင်း အလုပ်သမား သတင်း

မြန်မာဒုက္ခသည်များကို အောက်တိုဘာလ ၁ ရက်ကစပြီး ထိုင်းအလုပ်လုပ်ခွင့်ပြု

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများတွင် ခိုလှုံနေသည့် မြန်မာဒုက္ခသည်များအား အောက်တိုဘာလ ၁ ရက်ကစပြီး အလုပ်လုပ်ခွင့်ပြုမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သူ သီရရတ်ဆမ်ရက်ဝါနစ်က စက်တင်ဘာလ ၉ ရက်နေ့တွင်ပြောကြားသည်။ ထိုင်းအစိုးရသည် ၂ဝ၂၅ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့က ကျင်းပခဲ့သည့် ကက်ဘိနက်အစည်းအဝေးဆုံးဖြတ်ချက်အတိုင်း နယ်စပ် ယာယီခိုလှုံရာစခန်းများ၌ ၄၁ နှစ်ကျော်ကြာ နေထိုင်ခဲ့ကြသည့် မြန်မာနိုင်ငံမှာ စစ်ဘေးရှောင်လာသူများကို ပထမဆုံးအကြိမ်အဖြစ် တရားဝင်အလုပ်လုပ်ကိုင်ခွင့် ပေးလိုက်ခြင်းဖြစ်သည်။ ယာယီခိုလှုံရေးစခန်းမှ မြန်မာဒုက္ခသည်များသည် အောက်ပါ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်အတိုင်း အလုပ်လုပ်ကိုင်ရန်လျှောက်ထားနိုင်ကြောင်း ထိုင်းအစိုးရကထုတ်ပြန်သည်။ ၁။ ခရိုင်အုပ်ချုပ်ရေးမှူး (သို့မဟုတ်) လက်ထောက်အုပ်ချုပ်ရေးမှူးထံမှ ထိန်းချုပ်ထားသည့် ဧရိယာပြင်ပသို့ ထွက်ခွာခွင့်တောင်းခံခြင်း။ ၂။ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့်အတိုင်း ကျန်းမာရေးစစ်ဆေးမှုခံယူပြီး နိုင်ငံခြားသားလုပ်သားများအတွက် ကျန်းမာရေးအာမခံစနစ်တွင် ဝင်ရောက်ခြင်း။ ၃။ သတ်မှတ်ထားသည့်

Read More
သတင်း အလုပ်သမား သတင်း

မြန်မာဒုက္ခသည် ၇ သိန်းကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးမယ် (ရုပ်/သံ)

Migrant Times ရဲ့ အပတ်စဉ် ရွှေပြောင်းရေးရာသတင်း အစီအစဉ်ကနေကြိုဆိုပါတယ်။ ပြည်တွင်း ပြည်ပ ရွှေပြောင်းအလုပ်သမားနဲ့ပတ်သက်တဲ့ သတင်းတွေကိုပြောပြပေးမှာပါ။

Read More
သတင်း

ဖူးခက်မြို့ အချုပ်ခန်းတွင် မြန်မာအမျိုးသမီးတစ်ဦး ကြိုးဆွဲချ အဆုံးစီရင်

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးရုံးတွင် ထိန်းသိမ်းခံထားရသည့် အသက် ၂၉ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးသည် သြဂုတ်လ ၂၂ ရက်နေ့ နံနက်အစောပိုင်းတွင် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။ ရဲတပ်ဖွဲ့၏ အတည်ပြုချက်အရ ဩဂုတ်လ ၂၂ ရက် နံနက် ၅:၀၃ နာရီတွင် မထိုက်ဒါလီအား ထိန်းသိမ်းရေးအခန်း၌ သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။ အခန်းတွင်းမှ CCTV မှတ်တမ်းများအရ မထိုက်ဒါလီသည် သူ၏ဘောင်းဘီကို ထိန်းသိမ်းရေးအခန်းသံတိုင်များတွင် ချည်နှောင်ပြီး ကြိုးဆွဲချခဲ့သည်ကို ပြသနေကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ရဲတပ်ဖွဲ့က ပြသသည့် CCTV ပုံတွင် မထိုက်ဒါလီသည် ထိန်းသိမ်းရေးအခန်းသံတိုင်များတွင် ကြိုးဆွဲချထားသည်ကို တွေ့ရကြောင်း The Phuket News ကဖော်ပြသည်။ ဖူးခက်မြို့ ရဲတပ်ဖွဲ့၏ အစီရင်ခံစာအရ မဒါလီကို သြဂုတ်လ

Read More
သတင်း

မြန်မာအပါ တရားမဝင် နေထိုင်သူ ၁ဝဝ ကျော်အား မလေးရှားက ပြန်ပို့

မလေးရှားနိုင်ငံတွင် တရားမဝင် နေထိုင်သည့် မြန်မာနိုင်ငံသားများအပါအဝင် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံသား ၁၂ဝ ဦးအား ဩဂုတ်လ ၁၉ ရက်နှင့် ၂၁ ရက်များတွင် မှုရင်းနိုင်ငံများသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ပဟန်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်သည်။ ၎င်းတို့အား လေကြောင်းခရီးစဉ်များဖြင့် ကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဒါကာ၊ လာဟိုး၊ ဖနွမ်းပင်၊ ဟိုချီမင်း၊ တီရုချီရာပါလီနှင့် ရန်ကုန်မြို့များသို့ ပြန်ပို့ခဲ့ခြင်း ဖြစ်သည်။ ပြန်ပို့ခံရသူများမှာ ၁၉၅၉/၆၃ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနှင့် ၁၉၆၃ လူဝင်မှုကြီးကြပ်ရေး နည်းဥပဒေများအရ ပြစ်မှုအမျိုးမျိုးကျူးလွန်ခဲ့သဖြင့် ပြစ်ဒဏ်ကျခံပြီးစီးခဲ့သည့် ကေမာရန်လူဝင်မှုကြီးကြပ်ရေးဌာန၏ ထိန်းသိမ်းခံများ ဖြစ်ကြောင်း ပဟန်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနကထုတ်ပြန်သည်။ Photo – JIM Pahang

Read More