ရန်ကုန်တိုင်းဒေသကြီး ၊ လှိုင်သာယာမြို့နယ်ရှိ မြန်မာကျွိချွမ်းဖိနပ်စက်ရုံ (MYANMAR JU CHUAN) အလုပ်သမားများသည် လုပ်ခလစာ တိုးမြှင့်ပေးဖို့ ဇွန်လ ၉ ရက်နေ့တွင် တောင်းဆိုခဲ့ကြောင်း သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် STUM မှသိရသည်။
ယနေ့ခေတ်တွင် ကုန်စျေးနှုန်းနှင့် လူနေမှုစရိတ် အဆမတန် မြင့်မားလာသည့်အတွက် စားဝတ်နေရေးပြေလည်နိုင်စေရန် တောင်းဆိုရခြင်းဖြစ်ကြောင်း မြန်မာကျွိချွမ်းဖိနပ်စက်ရုံအလုပ်သမားများကပြောသည်။
အလုပ်သမားများက ဒေးကြေး ၁၃ဝဝဝ ကျပ်ကို ပိတ်ရက် အပါအဝင်ပေးရန်၊ အိုတီကြေးအား ဒေးကြေး အလိုက်တိုးပေးရန်၊ စက်ရုံက ကျန်းမာရေးစောင့်ရှောက်ပေးမှု ပေးရန် ၊ အလုပ်သမားများအား ခွဲခြား ဆက်ဆံခြင်းမပြုလုပ်ရန် စသည့်အချက်များ အပါအဝင် အချက် ၁၇ ကိုတောင်းဆိုခြင်းဖြစ်သည်။
စက်ရုံအချို့တွင် တောင်းဆိုမှုများအပေါ် အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းသည့်အချိန်များ၌ ဝန်ကြီးဌာနက အဖွဲ့ဝင်များသာ ပါဝင်ဆွေးနွေးကြပြီး အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များအား ဝင်ရောက် ညှိနှိုင်းခွင့်မပြုကြောင်း STUM မှသိရသည်။
Photo – STUM