Migrant Times Blog သတင်း ထိုင်းနိုင်ငံတွင် အလုပ်ထုတ်ခံရသော မြန်မာလုပ်သားတစ်ဦး နစ်နာကြေးရ
သတင်း

ထိုင်းနိုင်ငံတွင် အလုပ်ထုတ်ခံရသော မြန်မာလုပ်သားတစ်ဦး နစ်နာကြေးရ

ထိုင်းနိုင်ငံ၊ စမွန်စာခွန်မြို့နယ် ပလတ်စတစ်စက်ရုံတွင် အကြောင်းမဲ့အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမားတစ်ဦး၏ နစ်နာကြေးငွေပြန်ရှိခဲ့ကြောင်း အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း – LRF မှသိရသည်။
ထိုအလုပ်သမား သည် ၂၀၂၃ ခုနှစ်တွင် အလုပ်ထုတ်ခံရပြီးနောက် LRF ရုံးသို့လာရောက် အကူအညီတောင်းခံခဲ့ကြောင်း၊ တိုင်ချက်ဖွင့်ရန် လမ်းညွှန်ပေးခဲ့မှုကြောင့် အလုပ်သမားကိုယ်တိုင် ထိုင်းအလုပ်သမားကားကွယ်စောင့်ရှောက်ရေးရုံးသို့ သွားရောက်တိုင်ချက်ဖွင့်ခဲ့ပြီး မြန်မာနိုင်ငံသို့ပြန်သွားခဲ့ကြောင်းသိရသည်။
၂၀၂၄ ခုနှစ်ကုန်ပိုင်းတွင် ထိုင်းနိုင်ငံသို့ တဖန်ပြန်လည် ဝင်ရောက်၍ အခြားအလုပ်ရုံတစ်ခုတွင် လုပ်ကိုင်နေသည်ကိုသိရှိပြီး ဇွန်လ ၁ဝ ရက်နေ့တွင် ၎င်းရထိုက်သည့် အလုပ်ထုတ်နစ်နာကြေး (၁၃၄၀၀) ဘတ် ကိုခေါ်ယူကာ ပေးအပ်ခဲ့ကြောင်း LRF ကထုတ်ပြန်သည်။
News- Migrant Times
Exit mobile version