ထိုင်းမှာ စက်တင်ဘာ ၂၁ ထိမိုးသည်းထန်ပြီး ရေကြီးနိုင်ကြောင်း သတိပေး
စက်တင်ဘာ ၁၅ ၊ Migrant Times ။ထိုင်းနိုင်ငံတဝှမ်းတွင် မုတ်သုံလေအားကောင်းသည့် ဖြတ်သန်းမှုများကြောင့် စက်တင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ မိုးသည်းထန်ပြီး ရေကြီးနိုင်ကြောင်း ထိုင်းမိုးလေဝသဌာနက သတိပေးထားသည်။မိုးလေဝသဌာနနှင့် ရေအရင်းအမြစ်ဆိုင်ရာ သတင်းအချက်အလက်ဌာနတို့၏ ခန့်မှန်းချက်များအရ စက်တင်ဘာ ၁၂ ရက်မှ ၁၆ ရက်အထိ ထိုင်းမြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသရှိ အချို့ဒေသများ၌ မိုးသည်းထန်စွာ ရွာသွန်းနိုင်သည်။ စက်တင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ ဘန်ကောက်နှင့် ဒေသများစွာတွင် မိုးအလွန်သည်းထန်နိုင်ကြောင်း ခန့်မှန်းထားသည်။ ထို့ပြင် စက်တင်ဘာလကုန်ပိုင်းနှင့် အောက်တိုဘာလအစောပိုင်းကြားတွင် အပူပိုင်းမုန်တိုင်း တစ်လုံး သို့မဟုတ် နှစ်လုံးကြောင့် မိုးရေချိန်ကို ပိုမိုမြင့်တက်လာစေနိုင်ကြောင်း ခန့်မှန်းချက်ထုတ်ထားသည်။ ထိုင်းနိုင်ငံတွင် စက်တင်ဘာလ ၇ ရက်