Migrant Times Blog သတင်း ထိုင်း ချွန်ပူလီတွင် အလုပ်ဖြုတ်ခံရသည့် မြန်မာအလုပ်သမား ၂ဝဝ ကျော်၏ လုပ်ခလစာများ ပြန်ရ
သတင်း

ထိုင်း ချွန်ပူလီတွင် အလုပ်ဖြုတ်ခံရသည့် မြန်မာအလုပ်သမား ၂ဝဝ ကျော်၏ လုပ်ခလစာများ ပြန်ရ

ထိုင်းနိုင်ငံ ၊ချွန်ပူလီခရိုင်၊လယောင်မြို့ရှိ အလူမီနီယံ ခဲဘတ်ထုတ်လုပ်သည့် စက်ရုံမှ အလုပ်ဖြုတ်ခံလိုက်ရသည့် မြန်မာအလုပ်သမား ၂ဝဝ ကျော်၏ လုပ်ခလစာများ ပြန်လည်ရရှိခဲ့ကြောင်း အလုပ်သမားမဟာမိတ် WAG Myanmar အဖွဲ့မှသိရသည်။
ထိုစက်ရုံတွင် MOU /Name List /CI ကိုင်ဆောင်ထားသော မြန်မာအလုပ်သမားစုစုပေါင်း ၃ဝဝ ကျော်သည် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် ကြားစပ်ကုမ္ပဏီမှတစ်ဆင့် အလုပ်စတင်ဝင်ရောက်ခဲ့သည်။
ယခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် အလူမီနီယံ ခဲဘတ်စက်ရုံမှ ကြားစပ်ကုမ္ပဏီကို နာမည်စာရင်းသာပါသည့် အလုပ်သမား ၆၅ ဦးသာလက်ခံမည်ဟု အကြောင်းကြားခဲ့ပြီး မြန်မာအလုပ်သမား ၂ဝဝ ကျော်ကို အလုပ်ဖြုတ်ခဲ့ခြင်းဖြစ်သည်။
အလုပ်ထုတ်ခံရသော အလုပ်သမား ၂ဝဝ ကျော်သည် မေလ ၁ဝ ရက်နေ့မှမှစ၍ လုပ်အားခ (၁)လစာအား စက်ရုံဘက်မှထုတ်ပေးခြင်းမရှိသည့်အပြင် ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်ခံရသောကြောင့် WAG ထံ အကူညီတောင်းခံခဲ့သည်။
WAG အဖွဲ့သည် ဇွန်လ ၁၃ ရက်တွင် အလုပ်သမားနှင့်သွားရောက်တွေ့ဆုံးပြီး မြို့နယ်ဆဝါဒီကန်ရုံးတွင် အလုပ်သမားအခွင့်အရေးကို သွားရောက်တောင်းဆိုခဲ့သည်။
ဆဝါဒီကန်ရုံးတာဝန်ရှိသူများနှင့် (WAG)အဖွဲ့သားများပူပေါင်းဆောင်ရွက်ပေးမှုကြောင့် ဇွန်လ ၁၄ ရက်နေ့တွင် ကြားစပ်ကုမ္ပဏီ (SRP)က ထိုအလုပ်သမားများ၏လုပ်အားခများပြန်လည်ပေးခဲ့ကြောင်းသိရသည်။
အလုပ်သများများ၏ စာရွက်စာတမ်းခ ကျန့်ခေါက်ကျန့်အော်ကိစ္စအားလုံးကို တာဝန်ယူဖြေရှင်းပေးခဲ့ပြီး အလုပ်မဆင်းရသည့်ရက်များအတွက်လည်း ၇၅ ရာခိုင်နူန်းကို ပေးဆောင်မည်ဟု စက်ရုံဘက်မှတာဝန်ယူပေးခဲ့ကြောင်း WAG ကထုတ်ပြန်သည်။
ထိုင်းနိုင်ငံ ၊ချွန်ပူလီခရိုင်တွင်ရှိသည့် စက်ရုံ အလုပ်ရုံများတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများဝင်ရောက်လုပ်ကိုင်နေကြပြီး စက်ရုံသူဌေးက ပွဲစားများနှင့်ပူးပေါင်းကာ အကြောင်းမဲ့အလုပ်ထုတ်ပစ်ခြင်း ၊ လုပ်ခလစာ မပေးခြင်း ၊ အလုပ်သမားအခွင့်အ‌ရေးချိုးဖောက်ခံရခြင်းများကြုံနေရကြောင်း မြန်မာအလုပ်သမားများက ပြောသည်။
News – Migrant Times
Photo – WAG
Exit mobile version