Migrant Times Blog သတင်း ထိုင်းတွင် မြန်မာရွှေ့‌ပြောင်း အလုပ်သမား အချင်းချင်း ဓားထိုးမှုဖြစ်
သတင်း

ထိုင်းတွင် မြန်မာရွှေ့‌ပြောင်း အလုပ်သမား အချင်းချင်း ဓားထိုးမှုဖြစ်

မောင်ဘုန်း
ဇူလိူင် ၁၄ ၊ ၊ Migrant Times ။

ထိုင်းနိုင်ငံ ၊ နကော့ပထုံမြို့နယ်၊စန်ဖန်တွင် ဇူလိူင်လ ၈ ရက်နေ့က မြန်မာရွှေ့‌ပြောင်း အလုပ်သမားတစ်ဦးအား မြန်မာတစ်ဦးက ဓားဖြင့်ထိုးမှုဖြစ်ပွားခဲ့ကြောင်း အမှုလက်ခံကူညီပေးနေသည့် WAG -အလုပ်သမားမဟာမိတ် အဖွဲ့မှသိရသည်။

CI စာအုပ်ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမား ကိုဟိန်းကိုကိုသည် ယင်းနေ့ ည ၉ နာရီအချိန်တွင် ဈေးဆိုင်တစ်ဆိုင်တွင် ရေခဲသွားဝယ်ရာ ဈေးဆိုင်ပိုင်ရှင် မြန်မာပွဲစား ပုလိပ်စကားပြန် ၅ဝဝ ဘတ်စား ကိုဇော်လတ်ဆိုသူက ရန်ညှိုးရန်စမရှိဘဲ (၆)လက်မခန့်ရှိသော ဓါးဖြင့် ဦးခေါင်းအား လိုက်လံထိုးခဲ့ခြင်းဖြစ်ကြောင်း WAG အဖွဲ့ကထုတ်ပြန်သည်။

ကိုဟိန်းကိုကိုသည် အခင်းဖြစ်ပွားပြီးနောက် ည ၁ဝ နာရီခန့်တွင် နီးစပ်ရာဆေးရုံသို့သွားရောက်ပြသခဲ့ပြီး ဦးခေါင်းမှ ဘယ်ဘက်ပုခုံးထိ ဓါးထိုးဒဏ်ရာအား အချက်(၂ဝ)ချုပ်ခဲ့ရပြီး ထပ်မံရန်ပြုခံရမည်စိုးရိမ်သောကြောင့် WAG အဖွဲ့ထံ အကူအညီတောင်းခဲ့သည်။

“ကျွန်တော်တို့ ပုလိပ်ရုံးမှာ အမှုတိုင်ကြားထားတယ် သူ့ဘက်ကဘယ်လိုညှိနိူင်းမလဲပေါ့ ။ မြန်မာလူမျိုးခြင်းပေါ့ ၊တစ်ကယ်လို့ ဒီလိုလုပ်တာများနေပြီ ၊ထိုင်းစကားတတ်ပြီး ပုလိပ်စကားပြန်လုပ်တာ သူလုပ်ချင်တဲ့အတိုင်းလုပ်တာဆိုရင်တော့ ခွင့်လွတ်လို့မရဘူးပေါ့ ။ဒါပေမယ့် ကာယကံရှင်တွေကလည်း သူ့ထောင်ကျပြီးကျေနပ်တယ် အဲ့လိုမျိုးပြောတဲ့အတွက် ဒီဘက်မှာ အမှုဖွင့်ထားတယ်ပေါ့” ဟု WAG အဖွဲ့တာဝန်ခံ ကိုမုန်တိုင်းက Migrant Times ကိုပြောသည်။

ကိုဟိန်းကိုကို၏ အကူအညီတောင်းမှုအရ ဇူလိူင်လ ၁၃ ရက်နေ့တွင် နယ်မြေခံရဲစခန်းသို့ သွားရောက်အမှုဖွင့်တိုင်ကြားခဲ့ပြီး ဓါးထိုးခံရသည့် ကာယကံရှင်၏ သဘော ဆန္ဒအတိုင်း လိုအပ်သည့်ကိစ္စရပ်များကို ဥပဒေအရဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း WAG အဖွဲ့မှသိရသည်။
Photo – WAG

Exit mobile version