Migrant Times Blog သတင်း မြန်မာစျေးသည်တွေရန်ဖြစ်အပြီး မဲဆောက်စျေးကိုရဲဝင်ဖမ်း
သတင်း အလုပ်သမား သတင်း

မြန်မာစျေးသည်တွေရန်ဖြစ်အပြီး မဲဆောက်စျေးကိုရဲဝင်ဖမ်း

ဩဂုတ် ၂၅ – Migrant Times

ထိုင်းနိုင်ငံ ၊ တာ့ခ်ခရိုင်၊ မဲဆောက်စျေး(Phacharoen)အတွင်းရှိ မြန်မာဈေးသည်များအား ယနေ့နံနက် (၆) နာရီဝန်းကျင်အချိန်တွင် ထိုင်းလူဝင်မှုကြီးကြပ်ရေး၊ အုပ်ချုပ်ရေးနှင့် ရဲတပ်ဖွဲ့များပါဝင်သည့် ပူးပေါင်းအဖွဲ့က ဝင်ရောက်စစ်ဆေး ဖမ်းဆီးမှုများပြုလုပ်ခဲ့သည်။

ယမန်နေ့(ဩဂုတ်လ ၂၄)ရက်နေ့တွင် မဲဆောက်စျေးအတွင်း မြန်မာစျေးသည်များ အချင်းချင်း အောဟစ်ကာ ခိုက်ရန်ဖြစ်ပွားခဲ့ကြသည့် ရုပ်သံဖိုင်သည် လူမှုကွန်ရက်တွင် ပျံနှံခဲ့ပြီး ထိုင်းလူမျိးများက

ဝေဖန်မှုများပြုလုပ်ခဲ့သည်။

ထို့နောက် ယနေ့နံနက်တွင် ထိုင်းအာဏာပိုင်များက ဈေးလုံခြုံရေးအတွက်ဆိုကာ ဝင်ရောက်စစ်ဆေးခဲ့ပြီး ခိုက်ရန်ဖြစ်ပွားခဲ့ကြသည့် မြန်မာဈေးသည်များကို ဖမ်းဆီးကာဒဏ်ရိုက်ခဲ့ကြောင်း ထိုင်းသတင်းအချို့တွင်ဖော်ပြသည်။

ယနေ့ နံနက်ပိုင်း၌ ထိုင်းအာဏာပိုင်အဖွဲ့မှ ဝင်ရောက်စစ်ဆေးစဉ် ဈေးပတ်ဝန်းကျင်ရှိ အထောက်ထားမဲ့စျေးရောင်းသူများလည်း ဖမ်းဆီးခံရကာ စျေးဗန်းပစ္စည်းများလည်း သိမ်းဆည်းခဲ့ကြောင်း၊

အဖမ်းအဆီးများကြောင့် မဲဆောက်ဈေးတွင် လူရှင်းနေကြောင်း မဲဆောက်ဒေသခံ မြန်မာတစ်ဦးက ပြောကြားသည်။

မဲဆောက်ရဲစခန်းကလည်း ယနေ့နံနက်တွင် မဲဆောက်ဈေးပတ်ဝန်းကျင်၌ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာများကို ဖြေရှင်းရန်၊ ဈေးအား စည်းကမ်းတကျဖြစ်စေရန် စစ်ဆေးခဲ့ပြီး ကုန်ပစ္စည်းရောင်းချမည့်နေရာများကို သတ်မှတ်ပေးသွားမည် ဖြစ်ကြောင်း လူမှုကွန်ရက်ကတစ်ဆင့်ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ- မဲဆောက်ရဲစခန်း / เจมส์ จันทรา (Facebook)

#Migranttimes

#ထိုင်း

#maesot

#မဲဆောက်

#thailand

YouTube https://www.youtube.com/@migranttimes

Website https://www.migranttimes.com/

Telegram https://t.me/migranttimes

TikTok https://www.tiktok.com/@migranttime

Exit mobile version