ဩဂုတ် ၃၁ ၊ Migrant Times ။
ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ Vibhavadi Rangsit လမ်းမပေါ်တွင် ယနေ့ ဩဂုတ်လ ၃၁ ရက်နေ့၌ အသက် ၃ဝ အရွယ် မြန်မာအလုပ်သမားတစ်ဦးသည် ငါးတင် ပစ်ကပ်ကားတစ်စီးပေါ်မှ ပြုတ်ကျခဲ့ပြီး ယင်းနေရာတွင် သေဆုံးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
Vibhavadi ရဲစခန်း၏ ကနဦးစစ်ဆေးမှုအရ ပစ်ကပ်ကားသည် အမြန်လမ်းမှ ထွက်သည့်လမ်းပေါ်တွင် အရှိန်လွန်ကာ လမ်းဘေးအတားအဆီးကို ဝင်တိုက်ခဲ့ပြီး ကားပေါ်မှ မြန်မာအလုပ်သမားသည် လမ်းမပေါ်သို့ လွင့်စင်ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပစ်ကပ်ကားယာဉ်မောင်းနှင့် အခြားအလုပ်သမား လေးဦးမှာလည်း မတော်တဆမှုတွင် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ထားကာ ရဲတပ်ဖွဲ့က ဖြစ်စဉ်နှင့်ပတ်သက်၍ ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းတွင်ဖော်ပြသည်။
Photo – Khaosod
YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/
Telegram https://t.me/migranttimes
TikTok https://www.tiktok.com/@migranttime
