Migrant Times Blog သတင်း ဘန်ကောက်တွင် ကားတိုက်မှုဖြစ်ပြီး လွင့်စင်ကျသည့် မြန်မာအမျိုးသား သေဆုံး
သတင်း အလုပ်သမား သတင်း

ဘန်ကောက်တွင် ကားတိုက်မှုဖြစ်ပြီး လွင့်စင်ကျသည့် မြန်မာအမျိုးသား သေဆုံး

အောက်တိုဘာ ၇ ၊ Migrant Times ။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘိုရွန်မာရာချာချွန်နာနီလမ်းပေါ်တွင် ယနေ့ နံနက် ၅ နာရီခန့်၌ ဆယ်ဘီးကားတစ်စီးကို ပစ်ကပ်ကားကဝင်တိုက်မိခဲ့ပြီး ပစ်ကပ်ကားနောက်ဖက်မှ လွင့်စင်ကျခဲ့သည့် အသက် ၄၀ အရွယ်ရှိ မြန်မာအမျိုးသားတစ်ဦးသေဆုံးခဲ့သည်။
လမ်းမပေါ်သို့ လွင့်စင်ကျခဲ့သည့် မြန်မာအမျိုးသားအား နောက်မှလိုက်လာသည့် ယာဉ်တစ်စီးက ထပ်မံတိုက်မိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ပစ်ကပ်ကားမောင်းသူနှင့် ရှေ့ခန်းမှ စီးနင်းသူတို့မှာ ဒဏ်ရာများရရှိခဲ့ပြီး ဆေးရုံသို့ပို့ဆောင်ထားရကာ သေဆုံးသူ၏ ရုပ်အလောင်းကို ဆီရီရတ်ခ်ျဆေးရုံ (Siriraj Hospital) မှုခင်းဆေးပညာဌာန သို့ ပို့ဆောင်ထားကြောင်းသိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၂ နံနက် ၅ နာရီခွဲခန့်ကလည်း ထိုင်းနိုင်ငံ ၊ ပထုံဌာနီပြည်နယ် ၊ဆန်တီဆွတ်လမ်းဆုံအနီး ပထုံဌာနီ-ရန်ဆစ်လမ်းမတွင် မြန်မာအလုပ်သမားများလိုက်ပါလာသည့် ကားတိမ်းမှောက်ပြီး ၂ ဦးသေဆုံး ခဲ့ကြောင်း ထိုင်းသတင်းက ဖော်ပြခဲ့သည်။
Photo – Khaosod
Exit mobile version