Migrant Times Blog သတင်း ထိုင်းတောင်ပိုင်း ကရာဘီတွင် CI စင်တာသစ်ဖွင့်မည် 🟥CI လျှောက်ထားရာတွင် ဘတ် ၂,၆၇ဝ သာ ကုန်ကျမည်ဟုဆို
သတင်း အလုပ်သမား သတင်း

ထိုင်းတောင်ပိုင်း ကရာဘီတွင် CI စင်တာသစ်ဖွင့်မည် 🟥CI လျှောက်ထားရာတွင် ဘတ် ၂,၆၇ဝ သာ ကုန်ကျမည်ဟုဆို

အောက်တိုဘာ ၈ ၊ Migrant Times ။
ထိုင်းနိုင်ငံတောင်ပိုင်း၊ ကရာဘီတွင် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေး Mobile Unit (၁) ခုကို အောက်တိုဘာလ ၁ဝ ရက်နေ့တွင် စတင်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနကထုတ်ပြန်သည်။
ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများအား CI လက်မှတ် ထုတ်ပေးခြင်းကို စမုစခွန်၊ စမုပရာကန်၊ ချင်းမိုင်၊ ဆူရတ်ဌာနီပြည်နယ်များတွင် အောက်တိုဘာလ ၆ ရက်မှစကာ ဖွင့်လှစ်ပေးနေခြင်းဖြစ်သည်။
လက်ရှိတွင် ဆူရတ်ဌာနီတွင်သာ CI စခန်း ၁ ခုဖွင့်လှစ်ထားပြီး ၎င်းဒေသရှိအလုပ်သမားများ ထိုင်း အလယ်ပိုင်းရှိ စမုစခွန်နှင့် စမုပရာကန် CI စခန်းများသို့ ဝန်ဆောင်မှုလာရောက်ရယူနေကြသည့် အတွက် ဝန်ထုပ်ဝန်ပိုးများဖြစ်ပေါ်နေကြောင်း ထုတ်ပြန်သည်။
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်၊ဖန်းင ၊ကော့စမွီး စသည့် ကျွန်းများရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ CI ဝန်ဆောင်မှုများ ရရှိနိုင်ရေးအတွက် ကရာဘီတွင် Mobile Unit (၁) ခုကို အောက်တိုဘာလ ၁ဝ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ CI လျှောက်ထားရာတွင် ဘတ် ၂,၆၇ဝ သာ ကုန်ကျမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်သည်။
Exit mobile version