အောက်တိုဘာ ၁၃ ၊ Migrant Times ။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ ၊ မာယာ(MAYA)ဈေးဝယ်စင်တာရှေ့ လမ်းဆုံမီးပွိုင့်တွင် နိုင်ငံခြားသားအမျိုးသားတဦးသည် ယမန်နေ့ အောက်တိုဘာလ ၁၂ ရက်နေ့ ညသန်းခေါင်အချိန်တွင် ကိုယ်တုံးလုံး လျှောက်သွားနေသည့်အတွက် ရဲတပ်ဖွဲ့ကဖမ်ဆီးခဲ့သည်။
ဒေသခံတစ်ဦးက ချင်းမိုင်-လမ်ပန်း စူပါဟိုင်းဝေးလမ်း၊နီမန်လမ်းဆုံ အနီးဈေးဝယ်စင်တာရှေ့ တွင်ထိုသူကိုတွေ့ရှိခဲ့ကြောင်း အကြောင်းကြားခဲ့သည့်အတွက် ရဲတပ်ဖွဲ့ကဖမ်ဆီးခဲ့ကြောင်း ချင်းမိုင်သတင်းကဖော်ပြသည်။
၎င်းသည် အသက် ၃၂ နှစ်အရွယ် အမျိုးသားဖြစ်ပြီး မိသားစုနှင့်အတူ ခရီးထွက်လာခြင်းဖြစ်ကြောင်း ၊စိတ်ကျန်းမာရေးပြဿနာကြောင့် ကိုယ်တုံးလုံး လျှောက်သွားခဲ့ခြင်းဖြစ်ကြောင်း၊တည်းခိုရာနေရာမှမထွက်ခွာမီ အရက်အလွန်အကျွံ သောက်သုံးခဲ့ပြီး ဆေးသောက်ရန် ပျက်ကွက်ခဲ့ကြောင်း၊ ဆွေမျိုးများကို အကြောင်းကြားကာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
Photo – CM 108