Migrant Times Blog သတင်း ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တွင် တရားမဝင်ဖြတ်ကျော်သူ ၄၈ ဦးကို ဖမ်းဆီး
သတင်း

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တွင် တရားမဝင်ဖြတ်ကျော်သူ ၄၈ ဦးကို ဖမ်းဆီး

အောက်တိုဘာ ၁၃ ၊ Migrant Times ။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တလျှောက်ရှိ နေရာ ၈ ခုတွင် စစ်ဆင်ရေး ဆောင်ရွက်နေစဉ်အတွင်း တရားမဝင် ဖြတ်ကျော်နေကြသူ ၄၈ ဦးအား ဖမ်းဆီးခဲ့ကြောင်း ဘူရာဖါလုံခြုံရေးတပ်ဖွဲ့မှသိရသည်။

၎င်းနေရာများတွင် အောက်တိုဘာ ၁၁ ရက်မှ ၁၂ ရက်အထိ နှစ်ရက်ဆက်တိုက် စစ်ဆေးခဲ့ပြီး ထိုင်း၊ ကမ္ဘောဒီးယားနှင့် ပါကစ္စတန်နိုင်ငံသားများ အပါအဝင် လူ ၄၈ ဦးကို တွေ့ရှိကာ ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။

ဘူရာဖါလုံခြုံရေးတပ်ဖွဲ့ထုတ်ပြန်ချက်အရ ကမ္ဘောဒီးယားသို့ ၀င်ထွက် သွားလာနေသည့် ထိုင်းနိုင်ငံသား ၃၆ ဦး၊ ထိုင်းနိုင်ငံသို့ တရားမ၀င် ဝင်ရောက်လာသည့် ကမ္ဘောဒီးယားနိုင်ငံသား ၁၀ ဦးနှင့် ပါကစ္စတန်နိုင်ငံသား ၂ ဦး တို့အားဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထိုင်း-ကမ္ဘောဒီးယား နယ်စပ် ရှိကော့ဆဘန်း (Kok Sabeng)၊ နီယွန်ဆမ်ပွမ် (Neon Sumpum)၊ ဝမ်မွန် (Wangmon)၊ ဖာရိုင်း (Pa Rai)၊ ဒေါင်းငူ (Dong Ngu)၊ နောင်ချန် (Nong Chan) စသည့် နေရာများတွင် နယ်စပ်ဖြတ်ကျော်ကာ တရားမဝင် အလုပ်အကိုင်ရှာဖွေကြသည့်သူများကို တို့မြှင့် စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ဘူရာဖါလုံခြုံရေးတပ်ဖွဲ့ကထုတ်ပြန်သည်။

ဓာတ်ပုံ- Burapha Task Force

#Migranttimes
#ထိုင်း
#ကမ္ဘောဒီးယား
#ရွှေ့ပြောင်း
#thailand
YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/
Telegram https://t.me/migranttimes

Exit mobile version