Migrant Times Blog သတင်း ထိုင်းတွင် လုပ်သက်ရင့် မြန်မာအလုပ်သမားများအပါ ၃၈ ဦးကျော် အလုပ်ထုတ်ခံရ
သတင်း အလုပ်သမား သတင်း

ထိုင်းတွင် လုပ်သက်ရင့် မြန်မာအလုပ်သမားများအပါ ၃၈ ဦးကျော် အလုပ်ထုတ်ခံရ

အောက်တိုဘာ ၁၃ ၊ Migrant Times ။

ထိုင်းနိုင်ငံ၊ နခွန်ပထုံခရိုင်၊ အုန်းယိုင်ရှိ ပိတ်စဆေးဆိုးပန်းရိုက် အလုပ်ရုံတစ်ခုတွင် အလုပ်လုပ်နေသည့် လုပ်သက် ၃ လကျော် မှ နှစ်ပေါင်း၂ဝကျော် အလုပ်သက်တမ်းရှိ မြန်မာအလုပ်သမားများအပါအဝင် ၃၈ ဦးကျော်အား ကြိုတင်အကြောင်းကြားခြင်းမရှိပဲ အလုပ်မှထုတ်ပယ်လိုက်ကြောင်း ကူညီမှုပေးနေသည့် MHAC မဟာမိတ်အဖွဲ့ကထုတ်ပြန်သည်။

အလုပ်ရှင်မှ အလုပ်သမားများကို ဘတ် ၅,ဝဝဝ မှ ၁ဝ,ဝဝဝ ကြားပေးပြီး ဖြေရှင်းရန်ကြိုးပမ်းခဲ့သော်လည်း အလုပ်သမားများက လက်မခံသည့်အတွက် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း MHAC အဖွဲ့ခေါင်းဆောင် ကိုရဲမင်းက ပြောကြားသည်။

“အခုနောက်ဆုံးအဆင့်ကတော့ ဒီအလုပ်သမားတွေကို တစ်ချို့ဆို ဘတ် ၇ သောင်း၊ ၈ သောင်းကနေ ဘတ် ၁ သိန်းထိ ပြီးတော့ လုပ်သက်ရင့် အလုပ်သမားတွေဆို ဘတ် ၁ သိန်းကျော်ထိ ရနိုင်တယ်လို့ တွက်ချက်ထားတယ်”ဟု ကိုရဲမင်းက Migrant Times ကိုပြောသည်။
မြန်မာအလုပ်သမားများ နစ်နာကြေးရရှိရန်အတွက် အောက်တိုဘာလ ၆ ရက်နေ့တွင် နယ်မြေခံစဝါဒီကန်ရုံး(အလုပ်သမားရုံး)၌ အလုပ်သမားများနှင့်အတူ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း MHAC အဖွဲ့မှသိရသည်။

ယခုဖြစ်စဉ်နှင့်အလားတူ ထိုင်းနိုင်ငံ ချာချင်ဆောင် ရှိ အလုပ်ရုံတစ်ခုတွင် မြန်မာအလုပ်သမား ၃၂ဝ ဦးအား ကြိုတင်အကြောင်းကြားခြင်းမရှိပဲ လုပ်သက်(၄)လမပြည့်ခင် စက်ရုံမှ အလုပ်ထုတ်ခဲ့သည်။ မြန်မာအလုပ်သမားများ၏ အကူအညီတောင်းချက်အရ အောက်တိုဘာလ ၇ ရက်နေ့တွင် နစ်နာကြေး ထိုင်းဘတ်ငွေ ၃ သန်းကျော်ပြန်လည်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း MHAC အဖွဲ့မှထုတ်ပြန်သည်။

Photo – MHAC

 

Exit mobile version