အောက်တိုဘာ ၂၇ ၊ ၊ Migrant Times ။
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ ဘန်ဝမ်တခယန်တိုက် ရွာတစ်ဝိုက်တွင် လယ်ယာသုံးယာဉ်ဖြင့် လိုက်ပါလာသည့် အထောက်အထားမရှိသည့် မြန်မာနိုင်ငံသား ၆ ဦးနှင့် မြန်မာယာဉ်မောင်း ၁ ဦးအား ယနေ့ နံနက်တွင်ဖမ်းဆီးခဲ့ကြောင်း နရဲဆွမ်တပ်မတော်၊ ရာဇာမနူ အထူးတပ်ဖွဲ့ကထုတ်ပြန်သည်။
၎င်းဒေသတွင် ကင်းလှည့်စစ်ဆေးနေစဉ်အတွင်း နောက်တွဲပါ စိုက်ပျိုးရေးသုံးယာဉ်တစ်စီးကိုတွေ့ရှိပြီး စစ်ဆေးခဲ့ကြောင်းထုတ်ပြန်သည်။ စစ်ဆေးရာတွင် ယာဉ်မောင်းသူ (အသက် ၃၅ နှစ်၊ မြန်မာနိုင်ငံသား၊ ပတ်စ်ပို့မရှိသူ) နှင့် ခရီးသည် ၆ ဦး (အမျိုးသား ၁ ဦး၊ အမျိုးသမီး ၅ ဦး) ကို တွေ့ရှိခဲ့ပြီး သက်သေခံစာရွက်စာတမ်းများမရှိကြကြောင်း ဖော်ပြသည်။
ယာဉ်မောင်းအဆိုအရ ၎င်းလုပ်သား ၆ ဦးအား တောလမ်းကြောင်းမှတစ်ဆင့် သတ်မှတ်နေရာသို့ ပို့ဆောင်ရန် အခကြေးငွေအဖြစ် ဘတ် ၁ဝဝ ဖြင့် သဘောတူခဲ့ကြောင်း သိရသည်။
၎င်းတို့အား ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန် မဲဆောက်မြို့နယ် ရဲစခန်းထံ လွှဲပြောင်းပေးခဲ့ကြောင်း ထုတ်ပြန်သည်။
အလားတူယနေ့ နံနက်၌ တာ့ခ်ခရိုင်၊ မယ်ရမက်မြို့နယ်၊ နမ်ဒစ်ဘွန်ဝမ်ရွာအနီးတွင် ကင်းလှည့်စစ်ဆေးမှုများ ပြုလုပ်နေစဉ် နယ်စပ်မှ တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၆၄ ဦးအား ဖမ်းဆီးနိုင်ခဲ့ကြောင်း naresuan task force ကထုတ်ပြန်သည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့ညတွင်လည်း မဲဆောက်မြို့နယ်၊ မယ်ပ ကျေးရွာအုပ်စု၊ ဝမ်ကဲဝ်ကျေးရွာ၌ ထိုင်းနိုင်ငံအတွင်းသို့ နယ်စပ်မှတရားမဝင်ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၈၉ ဦးအား နယ်ခြားစောင့်တပ်များက ဖမ်းဆီးခဲ့သည်။
Photo – naresuan task force
