Migrant Times Blog သတင်း မဲဆောက်တွင် မြန်မာအမျိုးသမီးအား ဓားဖြင့်တိုက်ခိုက်ပြီး ထွက်ပြေးသူကိုဖမ်းမိ
သတင်း အလုပ်သမား သတင်း

မဲဆောက်တွင် မြန်မာအမျိုးသမီးအား ဓားဖြင့်တိုက်ခိုက်ပြီး ထွက်ပြေးသူကိုဖမ်းမိ

အောက်တိုဘာ ၂၈ ၊ ၊ Migrant Times ။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ် ခရိုင်ရုံးခန်းမဘေးရှိ အိမ်သာအဟောင်းတစ်ခုတွင် ယမန်နေ့၊နံနက် ၁၁ နာရီခန့်၌ မြန်မာအမျိုးသမီးတစ်ဦးကို လည်လှီးခဲ့ပြီး ထွက်ပြေးနေသည့် အမျိုးသား ၁ ဦးကို ရဲတပ်ဖွဲ့ကဖမ်းမိခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။

မဲဆောက်ရဲတပ်ဖွဲ့က ယမန်နေ့ညသန်းခေါင်ယံအချိန်တွင် တာ့ခ်ဘုရားကြီး (King Tak) မြင်းစီးရုပ်တု အဝိုင်းကြီးအနီးရှိ စက်သုံးဆီဆိုင်တစ်ခုရှိ ATM စက်အနီး၌ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ မည်သည့်နိုင်ငံသားဖြစ်ကြောင်း ဖော်ပြသေးခြင်းမရှိပါ။

ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာသည် မဲဆောက်ခရိုင်ရုံးခန်းမဘေးရှိ အစည်းအဝေးများရှိမှသာ ဖွင့်လှစ်သော အိမ်သာအဟောင်းတစ်ခုဖြစ်ပြီး အိမ်သာအတွင်း ကြမ်းပြင်ပေါ်တွင် သွေးစွန်းထင်းမှုများစွာ တွေ့ရှိခဲ့ကြောင်း ၊ တိုက်ခိုက်ခံရသူသည်မြန်မာနိုင်ငံသူ အသက် ၂၁ နှစ်အရွယ် ဖြစ်ပြီး လည်ပင်းတွင် ပြင်းထန်သော ဒဏ်ရာရရှိကာ သွေးအလွန်အကျွံ ထွက်နေသည်ကို တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

သူမအား မဲဆောက်ဆေးရုံ အရေးပေါ်ခန်းသို့ ပို့ဆောင်ပေးခဲ့ပြီး အခြေအနေ စိုးရိမ်ရဆဲဖြစ်ကာ ဆရာဝန်များက အနီးကပ် စောင့်ကြည့်နေကြောင်း သိရသည်။

Photo – AEC

Exit mobile version