Migrant Times Blog သတင်း ကားတိုက်မှုကြောင့်သေဆုံးခဲ့သည့် မြန်မာလုပ်သား လျော်ကြေးဘတ် ၁ သန်းရ
သတင်း အလုပ်သမား သတင်း

ကားတိုက်မှုကြောင့်သေဆုံးခဲ့သည့် မြန်မာလုပ်သား လျော်ကြေးဘတ် ၁ သန်းရ

နိုဝင်ဘာ ၁၇ ၊ Migrant Times ။

ထိုင်းနိုင်ငံ ၊ချွန်ပူလီမြို့တွင် ကားတိုက်မှုကြောင့်သေဆုံးခဲ့သည့် မြန်မာအလုပ်သမား ၁ ဦး၏ သေဆုံးနစ်နာကြေး လျော်ကြေးဘတ် ၁၀သိန်း (၁ သန်း)ရရှိခဲ့ကြောင်း ကူညီပေးခဲ့သည့် WAG အဖွဲ့ကထုတ်ပြန်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ဘန်ဝ၊ဒယ်အိုးရုံမှ မြန်မာအလုပ်သမား ၄ ဦးသည် ချွန်ပူလီမြို့၊ ဂျက်လစင်ဟွေ့ပါကွန်ဒိုအနီးတွင် အလုပ်သွားရန်တွက် ကားစောင့်နေစဉ် ၎င်းတို့အား လာကြိုသည့် မှန်လုံကားက စက်ချို့ယွင်းကာ မတော်တဆတိုက်မိခဲ့သည်။ အလုပ်သမားများအနက် မြန်မာအလုပ်သမား ကိုစိုးလင်းဦးသည် ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့ပြီး ဖရာထိုင်း ဆေးရုံကြီး အရောက်တွင်သေဆုံးခဲ့သည်။

ကိုစိုးလင်းဦး သေးဆုံးသွားသည့်ကိစ္စနှင့်ပတ်သက်ပြီး မိသားစုဝင်က အကူအညီတောင်းချက်အရ WAG အဖွဲ့ကကူညီဆောင်ရွက်ပေးခဲ့ပြီး တလကျော်အကြာ ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့၌ ကားထော်လဘော်၊ပကန်ကြေး၊အသက်အာမခံကြေး(၃)မျိုးမှ နစ်နာကြေးငွေ ထိုင်းဘတ် (၁ဝ)သိန်း ရရှိခဲ့ကြောင်းသိရသည်။

နစ်နာကြေး ကိုစိုးလင်းဦး၏ အစ်ကိုမှ လာရောက်ထုတ်ယူခဲ့ကြောင်း WAG အဖွဲ့ကထုတ်ပြန်သည်။

Exit mobile version