Migrant Times Blog သတင်း မဲဆောက် ကားဂိတ်တွင် မြန်မာ ၃ ဦးဖမ်းဆီးခံရ
သတင်း အလုပ်သမား သတင်း

မဲဆောက် ကားဂိတ်တွင် မြန်မာ ၃ ဦးဖမ်းဆီးခံရ

နိုဝင်ဘာ ၁၇ ၊ Migrant Times ။

ထိုင်းနိုင်ငံ ၊ တာ့ခ်ခရိုင် ၊ မဲဆောက်မြို့နယ် ဘတ်စ်ကားဂိတ် အနီးတစ်ဝိုက်တွင် မြန်မာနိုင်ငံသား ၃ ဦးအားဖမ်းဆီးခဲ့ကြောင်း တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးရုံးမှထုတ်ပြန်သည်။

ယနေ့ နိုဝင်ဘာလ (၁၇) ရက်နေ့၊ နံနက် ၉ နာရီခန့်တွင် နရေစွမ် နယ်ခြားစောင့်တပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးဌာန ရဲအရာရှိများ ပူးပေါင်း၍ အသက် (၃၅) နှစ်ရှိ မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးနှင့် အပေါင်းပါ (၃) ဦးအား ယင်းနေရာ၌ ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။

၎င်းတို့ ၃ ဦးအား ထိုင်းနိုင်အတွင်း ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်ခြင်းဖြင့် ဥပဒေအရ အရေးယူရန် တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး ပြန်လည်ပို့ဆောင်ရေးဌာနသို့ လွှဲပြောင်းခဲ့ကြောင်း ထုတ်ပြန်သည်။

Exit mobile version