Migrant Times Blog အလုပ်သမား သတင်း ထိုင်းရောက်မြန်မာလုပ်သားတွေအတွက် Mobile Team နဲ့ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးပေးမှု ဇန်နဝါရီ ၂၄ ရက်က စတင်မယ်
အလုပ်သမား သတင်း

ထိုင်းရောက်မြန်မာလုပ်သားတွေအတွက် Mobile Team နဲ့ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးပေးမှု ဇန်နဝါရီ ၂၄ ရက်က စတင်မယ်

ထိုင်းရောက်မြန်မာလုပ်သားတွေအတွက် Mobile Team နဲ့ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးပေးမှု ဇန်နဝါရီ ၂၄ ရက်က စတင်မယ်

ဇန်နဝါရီ ၁၂ ရက်၊ Migrant Times
  • ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် စက်ရုံ၊ အလုပ်ရုံတွေဆီ Mobile Team စေလွှတ်ပြီး နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးတာကို ဇန်နဝါရီ ၂၄ ရက်က စတင်ဆောင်ရွက်မယ်လို့ ဘန်ကောက်မြို့၊ မြန်မာသံရုံးက ဒီကနေ့ ကြေညာပါတယ်။PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေအတွက် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးပေးတာကို Mobile စက် ၂ စုံနဲ့ Mobile Taem ၂ ဖွဲ့ခွဲကာ ဇန်နဝါရီ ၂၄ ရက်ကစပြီး စက်ရုံတွေဆီ စေလွှတ်ဆောင်ရွက်ပေးမယ်လို့ အဲဒီသံရုံးက ကြေညာခဲ့တာပါ။နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမယ့် ရွှေ့ပြောင်းမြန်မာလုပ်သား ၁၀၀၀ ဦးနဲ့အထက်ရှိတဲ့ စက်ရုံတွေဆီ အလှည့်ကျ စေလွှတ်လုပ်ဆောင်ပေးမှာမို့ စက်ရုံတွေက ကြိုတင်ပြင်ဆင်ထားဖို့လည်း အသိပေးထားပါတယ်။နိုင်ငံကူးလက်မှတ်အသစ် ပြုလုပ်မယ့် လုပ်သား ၅၀ ဉီး (အနည်းဆုံး) ထိုင်​ပြီးစောင့်ဆိုင်းနိုင်မယ့် ခန်းမ၊ စက်ပစ္စည်းနဲ့ နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးမယ့်ဌာနဆိုင်ရာ အရာထမ်း​တွေအတွက် နေရာ၊ ဓာတ်ပုံရိုက်ဖို့နဲ့စက်ပစ္စည်းအသုံးပြုနိုင်ဖို့ လျှပ်စစ်လိုင်းသွယ်တန်းမှု၊အလှည့်ကျသူအား ခေါ်ထုတ်ပေးနိုင်မယ့် စက်ရုံကိုယ်စားလှယ် ၂ ဦး ကြိုတင်ပြင်ဆင်ထားဖို့ စက်ရုံတွေကို အသိပေးထားပါတယ်။
  • စက်တစ်စုံဟာ တစ်နေ့လျှင် ၂၅၀ ဦးကနေ ၃၀၀ ဦးအတွင်း ပြုလုပ်ပေးနိုင်တာမို့ သတ်မှတ်ပုံစံ ရေးသွင်းတာ၊ဓာတ်ပုံကပ်တာ၊ လိုအပ်တဲ့စာရွက်စာတမ်း​တွေပူးတွဲတဲ့ လုပ်ငန်းစဥ်ကို စက်ရုံတွေက တာဝန်ယူပြီး ကြိုတင်ဆောင်ရွက်ထားဖို့လည်း သံရုံးက ​ကြေညာထားပါတယ်။စက်ရုံ၊ အလုပ်ရုံအလိုက် နိုင်ငံကူးလက်မှတ်သက်တမ်းတိုး​ပေးမယ့်ရက်ကို ဇန်နဝါရီလ ၂၃ ရက်မှာ မဲနှိုက် သတ်မှတ်မှာဖြစ်ပြီး သတ်မှတ်ရက်မှာ အဆင်သင့်မဖြစ်တဲ့ စက်ရုံတွေကို နောက်ဆုံးနံပါတ်စဥ်အဖြစ် ထည့်သွင်းမယ်လို့ သိရပါတယ်။စက်ရုံ၊ အလုပ်ရုံတွေအနေနဲ့ ၂၀၂၂ / ၂၀၂၃ ခုနှစ်မှာ နိုင်ငံကူးလက်မှတ်သက်တမ်း ကုန်ဆုံးမယ့် လုပ်သားစာရင်းကို သတ်မှတ်ပုံစံအတိုင်း ပြုစုပြီး ဇန်နဝါရီလ ၂၀ ရက် နောက်ဆုံးထားကာ ကောင်စစ်တာဝန်ခံ အရာရှိ ဒေါ်ခင်မာလာဝင်းထံ ပေးပို့ဖို့လည်း သံရုံးက အသိပေးထားပါတယ်။နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမယ့် မြန်မာလုပ်သား ၁၀၀၀ ဦးအောက် စက်ရုံ၊ အလုပ်ရုံတွေကိုလည်း မြန်မာသံရုံးကနေ အလှည့်ကျ ဆက်လက်ဆောင်ရွက်ပေးမယ်လို့ သံရုံးက ကြေညာထားပါတယ်။                                                                                                                    (ဘန်ကောက်မြို့၊ မြန်မာသံရုံးရှေ့တွင် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရက်ချိန်းရရန် ဇန်နဝါရီလ ၇ ရက်ကစောင့်ဆိုင်းနေသူများကို တွေ့ရစဥ်၊ ဓာတ်ပုံ-Moe Khaing)                                                                                                                                                                                                             

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version