Migrant Times Blog အလုပ်သမား သတင်း ကိုရီးယားအလုပ်အကိုင် ကုန်ထုတ်လုပ်ငန်းအတွက်ဒုတိယအသုတ် EPS စာမေးပွဲကို ဝင်ဖြေမယ့်သူ ၁၅၀၀၀ နီးပါးရှိ
အလုပ်သမား သတင်း

ကိုရီးယားအလုပ်အကိုင် ကုန်ထုတ်လုပ်ငန်းအတွက်ဒုတိယအသုတ် EPS စာမေးပွဲကို ဝင်ဖြေမယ့်သူ ၁၅၀၀၀ နီးပါးရှိ

ကိုရီးယားအလုပ်အကိုင် ကုန်ထုတ်လုပ်ငန်းအတွက်ဒုတိယအသုတ် EPS စာမေးပွဲကို ဝင်ဖြေမယ့်သူ ၁၅၀၀၀ နီးပါးရှိ

ဇန်နဝါရီ ၁၉ ရက်၊ Migrant Times
  • တောင်ကိုရီးယားအလုပ်အကိုင် EPS ရဲ့ ကုန်ထုတ်လုပ်ငန်းအတွက် ဒုတိယအသုတ်စာမေးပွဲကို ဦးရေ ၁၅၀၀၀ နီးပါး ဝင်ရောက်ဖြေဆိုမယ်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)က ကြေညာပါတယ်။အဲဒီစာမေးပွဲကို ဖေဖော်ဝါရီလ ၆ရက်ကနေ ၁၀ရက်အထိ ကျင်းပမှာဖြစ်ပြီး ဝင်ရောက်ဖြေဆိုခွင့်ရှိသူစာရင်းကို POEAက ကြေညာထားတာဖြစ်ပါတယ်။အဲဒီကုန်ထုတ်လုပ်ငန်းရဲ့ပထမအသုတ်စာမေးပွဲကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ကျင်းပခဲ့တာမှာ ဖြေဆိုသူဦးရေရဲ့တစ်ဝက်ခန့်ဖြစ်တဲ့ ၆၀၀၀နီးပါးအောင်မြင်ခဲ့ပြီး အခုဒုတိယအသုတ်စာမေးပွဲကျင်းပဖို့ စီစဥ်နေတာဖြစ်ပါတယ်။” ဒုတိယအသုတ်မှာလည်း အောင်ချက်ကောင်းဖို့မျှော်လင့်ရတယ်။ စာတွေကတော့ ပိုင်နိုင်အောင်လုပ်ထားတယ်” လို့ အဲဒီစာမေးပွဲဖြေဆိုဖို့ စောင့်ဆိုင်းနေသူတစ်ဦးက ပြောပါတယ်။
  • ကိုဗစ်ကာလနောက်ပိုင်း ပြန်လည်ကျင်းပတဲ့ EPSစာမေးပွဲမှာ စိုက်ပျိုးရေး/ မွေးမြူရေးနဲ့ ကုန်ထုတ်ပထမအသုတ်စာမေးပွဲကို ပြုလုပ်ထားပြီးဖြစ်ကာ ကုန်ထုတ်ဒုတိယအသုတ်နဲ့ ဆောက်လုပ်ရေးလုပ်ငန်းအတွက် စာမေးပွဲတွေ ကျန်ရှိနေတာဖြစ်ပါတယ်။ကုန်ထုတ် ဒုတိယအသုတ်စာမေးပွဲပြီးရင် မေလကနေဇွန်လလယ်အထိ ဆောက်လုပ်ရေးလုပ်ငန်းအတွက်စာမေးပွဲပြုလုပ်မှာဖြစ်တယ်လို့ POEAက ကြေညာထားပါတယ်။အဲဒီစာမေးပွဲအားလုံးကို ဝင်ရောက်ဖွေဆိုဖို့ လျှောက်ထားသူ ၃၇၀၀၀ ကျော်ရှိပြီး သမိုင်းတစ်လျှောက် အများဆုံးဖြစ်ပါတယ်။လက်ရှိ တောင်ကိုရီးယားနိုင်ငံမှာ မြန်မာလုပ်သား ၅၀၀၀၀ နီးပါး ရောက်ရှိလုပ်ကိုင်နေပါတယ်။                                                                                                                                                                                         

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version