Migrant Times Blog အလုပ်သမား သတင်း ထိုင်းနိုင်ငံမှာ CI ပြုလုပ်ဖို့ ရက်သက်တမ်းတိုးမှုမှာလုပ်ငန်းစဉ် ရှုပ်ထွေးနေဟုဆို
အလုပ်သမား သတင်း

ထိုင်းနိုင်ငံမှာ CI ပြုလုပ်ဖို့ ရက်သက်တမ်းတိုးမှုမှာလုပ်ငန်းစဉ် ရှုပ်ထွေးနေဟုဆို

ထိုင်းနိုင်ငံမှာ CI ပြုလုပ်ဖို့ ရက်သက်တမ်းတိုးမှုမှာလုပ်ငန်းစဉ် ရှုပ်ထွေးနေဟုဆို

ဇန်နဝါရီ ၂၂ ရက်၊ Migrant Times
  • ထိုင်းနိုင်ငံမှာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ပြုလုပ်နိုင်မယ့်ရက်ကို သက်တမ်းတိုးပေးလိုက်တဲ့ လုပ်ငန်းစဉ်ဟာ အလုပ်သမားတွေအတွက် ရှုပ်ထွေးပြီး အလွယ်တကူနားလည်ဖို့ ခက်ခဲတာကြောင့် ငွေကြေးကုန်ကျမှုတွေ ပိုမိုများပြားလာနိုင်တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ကူညီပေးနေတဲ့ အဖွဲ့တွေက သုံးသပ်နေကြပါတယ်။ယခင်က ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့ကို နောက်ဆုံးထားပြီး CI လုပ်ကြဖို့သတ်မှတ်ထားပေမယ့် ထိုင်းအစိုးရက ဇန်နဝါရီ ၁၇ ရက်မှာ မေလ ၁၅ ရက်အထိ သက်တမ်းတိုးခွင့်ပြုတယ်လို့ ကြေညာခဲ့ပါတယ်။
  • ဒီလိုမျိုး CI လုပ်နိုင်မယ့်ရက်ကို သက်တမ်းတိုးခဲ့ပေမယ့် Work Permit ရရှိထားပြီးသူတွေနဲ့ Work Permit ထုတ်ခွင့်ကျထားပြီးသားသူတွေသာ လုပ်ခွင့်ရမှာဖြစ်ပြီး နီးစပ်ရာ 7/11 စတိုးဆိုင်တွေမှာ ဖေဖော်ဝါရီ ၁၃ ရက် နောက်ဆုံးထားပြီး သတ်မှတ်ငွေ ပေးသွင်းရမှာဖြစ်ပါတယ်။ဒါတွေကို အလုပ်သမားတွေ နားလည်အောင် သေသေချာချာ ရှင်းရှင်းလင်းလင်း လုပ်သင့်တယ်။ ပြီးတော့ ပန်းရောင်ကဒ်ရှိမှ CI လုပ်လို့ရမယ်ဆိုတာကရော ဘယ်လိုဖြစ်မှာလဲ ပန်းရောင်ကဒ်က မလိုတော့ဘူးလား အဲ့ဒါတွေက ရှင်းလင်းဖို့ လိုပါတယ် လို့ ပန်းရောင်ကဒ် ရရှိထားပြီး Work Permit စောင့်ဆိုင်းနေဆဲဖြစ်တဲ့ ကိုမျိုးသူရက ပြောပါတယ်။
  • ဒီလိုမျိုး ပန်းရောင်ကဒ်(ဘတ်ကဒ်) ကိုင်ဆောင်ထားသူတွေအနေနဲ့ ဒီအစီအစဉ်မှာ ပါဝင်နိုင်ခြင်းရှိ၊ မရှိ ဆိုတာက သေချာရှင်းလင်းမှုမရှိသလို လုပ်ငန်းစဉ်တွေကလည်း ရှုပ်ထွေးတာကြောင့် ပွဲစားတွေကို အားကိုးရတဲ့ အခြေအနေကိုဖန်တီးသလိုဖြစ်နေပြီး ငွေကြေးကုန်ကျမှုတွေ ပိုများမှာကို အလုပ်သမားရေး ကူညီသူတွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။                                                                                                                                                                     

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version