Migrant Times Blog အလုပ်သမား သတင်း မြန်မာ သင်္ဘောသား ၁၄ ဦးလိုက်ပါတဲ့ ဟောင်ကောင် ကုန်တင် သင်္ဘော နစ်မြုပ်
အလုပ်သမား သတင်း

မြန်မာ သင်္ဘောသား ၁၄ ဦးလိုက်ပါတဲ့ ဟောင်ကောင် ကုန်တင် သင်္ဘော နစ်မြုပ်

မြန်မာ သင်္ဘောသား ၁၄ ဦးလိုက်ပါတဲ့ ဟောင်ကောင် ကုန်တင် သင်္ဘော နစ်မြုပ်

ဇန်နဝါရီ ၂၅ ရက်၊ Migrant Times
  • မြန်မာသင်္ဘောသား ၁၄ ဦးလိုက်ပါလာတဲ့ ဟောင်ကောင်ပိုင် ကုန်တင်သင်္ဘောတစ်စီးဟာ ဒီနေ့မနက်ပိုင်းမှာ နစ်မြုပ်သွားတယ်လို့ ကိုရီးယားနိုင်ငံသတင်းတွေအရ သိရပါတယ်။တောင်ကိုရီးယားနိုင်ငံ၊ ဂျဲဂျူကျွန်း ဆောဂွီဖိုမြို့ အရှေ့တောင်ပိုင်း ပင်လယ် ကမ်းခြေ အကွာ ၁၄၈ ကီလိုမီတာ ပင်လယ်ပြင်မှာ မနက် ၂ နာရီခန့်က တန်ချိန် ၆၅၅၁ တန်ရှိ ကုန်တင် သင်္ဘော တစ်စီး နစ်မြုပ်သွားခဲ့တာလို့ ဆိုပါတယ်။အဲဒီသင်္ဘောပေါ်မှာ တရုတ် ၈ ဦးနဲ့ မြန်မာ နိုင်ငံသား ၁၄ ဦးတို့ စီးနင်း လိုက်ပါလာကြတာလို့သတင်းတွေက ဖော်ပြပါတယ်။
  • ဟောင်ကောင် သင်္ဘောနဲ့ ဂျဲဂျူ ပင်လယ် ကမ်းခြေစောင့် ရဲ​ေတွက မနက် ၂ နာရီ ၄၁ မိနစ်အထိ ဖုန်းအဆက်အသွယ် ရရှိပြီးနောက် ပြတ်တောက်သွားခဲ့ကာ လက်ရှိ သင်္ဘောသား ၅ ဦးကိုကယ်ဆယ်ထားတယ်လို့ သိရပါတယ်။ဂျဲဂျူ ပင်လယ်ကမ်းခြေစောင့် ရဲတွေနဲ့ ဂျပန် ပင်လယ်ကမ်းခြေစောင့် တပ်တွေက ပျောက်ဆုံးသွားတဲ့ စုပေါင်း ရှာဖွေသင်္ဘောသားတွေကို ရှာဖွေနေကြတယ်လို့ ဆိုပါတယ်။သင်္ဘောနစ်မြုပ်တဲ့ အချိန်မှာ လေတိုက်နှုန်း တစ်စက္ကန့်ကို ၁၆ မီတာနှုန်း တိုက်နေပြီး ပင်လယ်ရေလှိုင်းက ၃၊ ၄ မီတာ အမြင့် ရှိကာ သင်္ဘောကတော့ လုံးဝကို နစ်မြုပ်သွားခဲ့ကြောင်းသိရပါတယ်။                                                       

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version