Migrant Times Blog အလုပ်သမား သတင်း မြန်မာနိုင်ငံသား ၉၀ ကျော် ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရ
အလုပ်သမား သတင်း

မြန်မာနိုင်ငံသား ၉၀ ကျော် ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရ

မြန်မာနိုင်ငံသား ၉၀ ကျော် ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရ

ဇန်နဝါရီ ၃၀ ရက်၊ Migrant Times
  • ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ တရားမဝင်လမ်းကြောင်းကနေ ဝင်လာတဲ့ မြန်မာလုပ်သား ၈၇ ဦးနဲ့ သူတို့နဲ့အတူလိုက်ပါလာတဲ့ သားသမီး ကလေးငယ် ၆ ဦးဟာ ပြီးခဲ့တဲ့နှစ်ရက်အတွင်း ထိုင်းနိုင်ငံ၊ ကန်ကျနဘူရီခရိုင်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ကန်ကျနဘူရီခရိုင် အခြေစိုက်၊ စူရစီတပ်က ကင်းလှည့်စစ်ဆေးတာ၊ ဂိတ်ချစစ်ဆေးတာ၊ ဒေသခံပြည်သူတွေ သတင်းပေးမှုစတာတွေကြောင့် ဇန်နဝါရီလ ၂၈ ရက်နဲ့ ၂၉ ရက်က ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသား အလုပ်သမား အမျိုးသား ၆၃ ဦး၊ အမျိုးသမီး ၂၄ ဦးနဲ့ မိဘနဲ့အတူလိုက်ပါလာတဲ့ ကလေးငယ် ၆ ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
  • သူတို့နဲ့အတူ အလုပ်သမားပွဲစားတစ်ဦးကိုလည်း ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ဖမ်းဆီးခံရတဲ့မြန်မာလုပ်သားတွေဟာ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူးနဲ့ ရခိုင်စတဲ့ဒေသတွေက လာကြတာဖြစ်ပြီး စမွတ်စာခွန်၊ ရယောင်း၊ ကန်ကျနဘူရီနဲ့ ဘန်ကောက်စတဲ့ဒေသတွေမှာ အလုပ်လုပ်ရဖို့ ပွဲစားကြေးအနေနဲ့ တစ်ဦးကို ဘတ် နှစ်သောင်းကနေ ဘတ် သုံးသောင်းအထိ နေရာအကွာအဝေးပေါ်မူတည်ပြီး ပေးရတယ်လို့ ဆိုပါတယ်။သူတို့ကို တရားဥပဒေအရ အရေးယူဖို့ သက်ဆိုင်ရာဒေသရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ ကန်ကျနဘူရီခရိုင်ဒေသ သတင်းဌာနက ဖော်ပြပါတယ်။
(ဇန်နဝါရီ ၂၈၊ ၂၉ ရက်များက ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဥ်၊ ဓာတ်ပုံ- ကန်ကျနဘူရီသတင်းဌာန)                                                                 

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version