Migrant Times Blog အလုပ်သမား သတင်း ရနောင်းလဝက အချုပ်မှ မြန်မာ ၆၀၀ ကျော်ကို ကော့သောင်း ပြန်ပို့
အလုပ်သမား သတင်း

ရနောင်းလဝက အချုပ်မှ မြန်မာ ၆၀၀ ကျော်ကို ကော့သောင်း ပြန်ပို့

ရနောင်းလဝက အချုပ်မှ မြန်မာ ၆၀၀ ကျော်ကို ကော့သောင်း ပြန်ပို့

ဖေဖော်ဝါရီ ၂ ရက်၊ Migrant Times
  • ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးလွတ်ရက်စေ့ မြန်မာရွှေ့ပြောင်းလုပ်သား ၆၀၀ ကျော်ဟာ ရနောင်း လ၀က အချုပ်ခန်းကနေ ဖေဖော်ဝါရီလ ၂ ရက် နံနက်ပိုင်းက ပြန်လွတ်လာတယ်လို့ သိရပါတယ်။သူတို့ကို ရနောင်း-ကော့သောင်း ရေလမ်းကြောင်းက​ေန Grand Andaman ကုမ္ပဏီပိုင် လှေတွေနဲ့ မြန်မာအာဏာပိုင်တွေက လာရောက်ကြိုဆိုခဲ့ပါတယ်။မြန်မာဘက်ကို ပြန်ပို့ခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားထဲမှာ အမျိုးသား ၅၃၄ ဦးနဲ့ အမျိုးသမီး ၁၃၆ ဦး၊ စုစုပေါင်း ၆၇၀ ဦးဖြစ်ပြီး ကျန်းမာရေးမကောင်းတဲ့ လုပ်သား ၂ ဦးပါရှိတယ်လို့ သိရပါတယ်။
  • ကော့သောင်းခရိုင် ဒေသခံတွေကလွဲပြီး ကျန်ဒေသကသူတွေကို ရေတပ်စစ်သင်္ဘောတွေနဲ့မြိတ်၊ ထားဝယ်၊ ရန်ကုန်မြို့ကတစ်ဆင့် ကားနဲ့ပို့ဆောင်ပေးမယ်လို့ သိရပါတယ်။အဲဒီမြန်မာလုပ်သားတွေဟာ ထိုင်းနိုင်ငံအတွင်း ပြစ်မှုကျူးလွန်လို့ ​ထောင်ဒဏ်ကျခံပြီးလွတ်ရက်စေ့လွတ်မြောက်လာသူတွေနဲ့ ထိုင်းနိုင်ငံထဲ တရားမဝင် ခိုးဝင်လို့ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးပြီးနောက် လွတ်ရက်စေ့ပြီး ရနောင်း လ၀က အချုပ်မှာ ယာယီ ထိန်းခံထားရသူများ ဖြစ်တယ်လို့ သိရပါတယ်။
  • အချုပ်ခန်းအတွင်း ၄ လကနေ ၈ လအထိ စောင့်ဆိုင်းနေရတာကြောင့် နေရပ်ပြန်ပို့ပေးဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နှင့် ၂၉ ရက်မှာ ၂ ရက်ဆက်တိုက် ဆန္ဒပြခဲ့ပြီးနောက် အခုလို နေရပ်ပြန်ပို့ခံရတာဖြစ်ပါတယ်။ထိုင်းနိုင်ငံရနောင်းလဝက အချုပ်အတွင်းမှာ ဆန္ဒပြတာဟာ နှစ်ကြိမ်ရှိပြီဖြစ်ပြီး အချုပ်လွတ်ရွှေ့ပြောင်းမြန်မာအလုပ်သမား ၆၇၀ ဦးကို မြန်မာအာဏာပိုင်တွေက ပြန်လက်ခံတာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ​သိရပါတယ်။                                                               

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version