Migrant Times Blog အလုပ်သမား သတင်း ထိုင်းရောက် မြန်မာတွေအတွက် ထိုင်းအစိုးရက Work Permit သုံးလ သက်တမ်းတိုးပေး
အလုပ်သမား သတင်း

ထိုင်းရောက် မြန်မာတွေအတွက် ထိုင်းအစိုးရက Work Permit သုံးလ သက်တမ်းတိုးပေး

ထိုင်းရောက် မြန်မာတွေအတွက် ထိုင်းအစိုးရက Work Permit သုံးလ သက်တမ်းတိုးပေး

ဖေဖော်ဝါရီ ၁၄ ရက်၊ Migrant Times
  • ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေပြီး အခု ဖေဖော်ဝါရီလ ၁၃ ရက်က အလုပ်လုပ်ခွင့်(Work Permit)သက်တမ်းကုန်သွားတဲ့ မြန်မာနိုင်ငံသားတွေအတွက် ထိုင်းအစိုးရက Work Permit သုံးလ ထပ်မံသက်တမ်းတိုးပေးလိုက်ပါတယ်။PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားပြီး ဖေဖော်ဝါရီလ ၁၃ ရက်က Work Permit သက်တမ်းကုန်သူတွေကို မေလ ၁၅ ရက်အထိ ဆက်လက်နေထိုင်ခွင့်ပြုလိုက်တယ်လို့ ဘန်ကောက်မြို့ မြန်မာသံရုံးက ဒီနေ့ ကြေညာချက် ထုတ်ပြန်ထားတာပါ။အလုပ်လုပ်ကိုင်ခွင့်အသစ်ရရှိဖို့ လိုအပ်တဲ့စာရွက်စာတမ်းတွေနဲ့ ဖေဖော်ဝါရီလ ၁၃ ရက်ကနေ မေလ ၁၅ ရက်အထိ လျှောက်ထားနိုင်ပြီး သတ်မှတ်ချက်ပြည့်စုံသူတွေအတွက် အလုပ်လုပ်ကိုင်ခွင့်နဲ့ နေထိုင်ခွင့်ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက် ဒါမှမဟုတ် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်အထိ ခွင့်ပြုပေးမယ်လို့လည်း သံရုံးက ကြေညာထားပါတယ်။
  • မြန်မာသံရုံး (ဘန်ကောက်မြို့)၊ ကောင်စစ်ဝန်ချုပ်ရုံး (ချင်းမိုင်မြို့)တို့အနေနဲ့ ၂၀၂၃ ခုနှစ်အတွင်း သက်တမ်းကုန် PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူတွေကိုဆက်လက်ပြုလုပ်ပေးမယ်လို့လည်း အသိပေးထားပါတယ်။ဒါ့အပြင် CI စခန်း ၄ ခုကိုလည်း အခုနှစ် မေလ ၁၃ ရက်အထိ တိုးမြှင့်ဖွင့်လှစ်ပေးမယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ- ဘန်ကောက်မြို့၊ မြန်မာသံရုံး                                                                                                                                                                                         

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version