Migrant Times Blog အလုပ်သမား သတင်း ထိုင်းနိုင်ငံ၊ ဘန်ပူမှာ ပွဲစားဆိုသူ မြန်မာတစ်ဦး အသတ်ခံရ
အလုပ်သမား သတင်း

ထိုင်းနိုင်ငံ၊ ဘန်ပူမှာ ပွဲစားဆိုသူ မြန်မာတစ်ဦး အသတ်ခံရ

ထိုင်းနိုင်ငံ၊ ဘန်ပူမှာ ပွဲစားဆိုသူ မြန်မာတစ်ဦး အသတ်ခံရ

ဖေဖော်ဝါရီ ၁၅ ရက်၊ Migrant Times
  • ထိုင်းနိုင်ငံ၊ ဘန်ပူမြို့မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတစ်ဦးဟာ သူ့ရဲ့နေအိမ်ခန်းအတွင်းမှာ ဓားနဲ့ထိုးသတ်ခံထားရပြီး ရွှေဆွဲကြိုးနဲ့ လက်စွပ်ကို လုယက်ယူဆောင်သွားခံရတယ်လို့ ထိုင်းအာဏာပိုင်တွေက သံသယရှိနေပါတယ်။ဘိုမိုးဟိန်းလို့ အမည်ရတဲ့ အသက် ၂၃ နှစ်အရွယ် သေဆုံးသူအမျိုးသားဟာ မြန်မာနဲ့ ကမ္ဘောဒီးယား ရွှေ့ပြောင်း အလုပ်သမားတွေအတွက် အလုပ်အကိုင်ရှာဖွေပေးတဲ့ ပွဲစားအလုပ်ကို လုပ်ကိုင်သူဖြစ်တယ်လို့ သိရပါတယ်။နေအိမ်တိုက်ခန်းအတွင်းမှာ ရင်ဘတ်နဲ့ နောက်ကျောကို ဓားနဲ့ထိုးခဲ့တာကြောင့် ရန်ငြိုးရှိသူဖြစ်နိုင်ပြီး သေဆုံးသူနဲ့ အသိမိတ်ဆွေဖြစ်နိုင်တယ်လို့ ထိုင်းအာဏာပိုင်တွေက ယူဆနေကြပါတယ်။လက်ရှိမှာ တရားခံကို ဖမ်းဆီးနိုင်ရေးအတွက် အခင်းဖြစ်ပွားရာနေရာတစ်ဝိုက်က CCTV မှတ်တမ်းတွေအပါအဝင် စစ်ဆေးမှုတချို့ပြုလုပ်နေတယ်လို့ သိရပါတယ်။                                                                                                                                                                                                 

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version