Skip to content
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့
-
By
- မတ် 8, 2023
- Comments
- Less than a minute
- 372 Views
- 3 နှစ် ago
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့
- ၁၉၀၈ ခုနစ် အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ အထည်ချုပ်စက်ရုံကအမျိုးသမီးတွေက သူတို့ရဲ့အလုပ်ချိန်လျှော့ချဖို့ လုပ်ခ လစာတိုးပေးဖို့နဲ့ ဆန္ဒမဲပေးရဖို့အတွက် ဆန္ဒပြတောင်းဆိုခဲ့ရာက အစပြုခဲ့ပါသည်။၁၉၁၀ အပြည်ပြည်ဆိုင်ရာလုပ်ငန်းခွင်မှ အမျိုးသမီးညီလာခံ ဒုတိယအကြိမ် မှာ ဂျာမဏီနိုင်ငံ ဆိုရှယ်လစ် ဒီမိုကရစ်တစ်ပါတီမှ ခေါင်းဆောင်တစ်ဦးဖြစ်လာတဲ့ ကလဲရာဇက်ခင် ကအပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို တစ်ကမ္ဘာလုံးမှာ တစ်ရက်တည်းသတ်မှတ်ပြီးကျင်းပဖို့၊ အဲဒီနေ့မှာ အမျိုးသမီးတွေရဲ့အခွင့်အရေးကို တောင်းဆိုကြဖို့အတွက် တင်ပြဆွေးနွေးတဲ့အခါ ညီလာခံတက်ရောက်သူများ အားလုံးက ကန့်ကွက်သူမရှိ သဘောတူခဲ့ကြပါသည်။၁၉၁၁ မတ်လ(၁၉) ရက်နေ့မှာ ပထမဆုံးအကြိမ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ကိုကျင်းပခဲ့ပါတယ်။၁၉၇၅ မတ်လ (၈)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် ပြောင်းလဲကျင်းပခဲ့ပါသည်။၂၀၀၀ မတ်လ ၈ရက်နေ့ကို နိုင်ငံပေါင်း ၂၈ နိုင်ငံမှာ အစိုးရရုံးပိတ်ရက် အဖြစ်သတ်မှတ်ခဲ့ပါသည်။