Migrant Times Blog အလုပ်သမား သတင်း ဘန်ကောက် ပသူနမ်းမှာ မြန်မာအချင်းချင်း ဓားထိုးမှုဖြစ်
အလုပ်သမား သတင်း

ဘန်ကောက် ပသူနမ်းမှာ မြန်မာအချင်းချင်း ဓားထိုးမှုဖြစ်

ဘန်ကောက် ပသူနမ်းမှာ မြန်မာအချင်းချင်း ဓားထိုးမှုဖြစ်

မတ် ၉ ရက်၊ Migrant Times
  • ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ပသူနမ်းနယ်မြေ ပလက်တီနမ်ဈေးဝယ်စင်တာ အပြင်ဘက်မှာ မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးကို မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးက ဒီနေ့ နေ့ခင်းပိုင်းမှာ ဓားနဲ့ ထိုးသတ်ခဲ့တယ်လို့ သိရပါတယ်။ ဓားနဲ့ထိုးသတ်ခဲ့သူက အမျိုးသမီးဟာ သူ့ကိုအလုပ်ချောင်ခိုတယ်လို့ အလုပ်ရှင်ကိုတိုင်ကြားခဲ့လို့ ဒေါသထွက်ပြီး အခုလိုကျူးလွန်ခဲ့တာကို ရဲကို ထွက်ဆိုပါတယ်။ဒီနေ့ မွန်းတည့် ၁၂ နာရီမှာ ဘန်ကောက်မြို့ ပလက်တီနမ်စျေးဝယ်စင်တာအပြင်ဘက်မှာ ဓားထိုးမှုဖြစ်ပွားခဲ့တယ်လို့ Phayathai ရဲစခန်းအရာရှိတွေထံ အကြောင်းကြားမှု လက်ခံရရှိခဲ့ပါတယ်။
  • အသက် ၃၄ နှစ်အရွယ် မဖြူမာအောင်ဟာ ပလက်တီနမ်အဆောက်အဦးအပြင်ဘက် လှေကားထစ်တွေပေါ်မှာ လဲကျနေပြီး သူမရဲ့အဝတ်အစားတွေဟာလည်း သွေးတွေ ရွှဲစိုနေခဲ့ပါတယ်။ မဖြူမာအောင်ဟာ ရင်ဘတ်၊ လက်မောင်းနဲ့ နောက်ကျောဘက်တွေမှာ ဓားထိုးဒဏ်ရာ ၅ ချက် ထိုးခံခဲ့ရပါတယ်။မဖြူမာအောင်ကို Phramongkutlao ဆေးရုံက ဆရာဝန်တွေက မိနစ် ၃၀ အကြာ CPR(နှလုံးသွေးကြောဆိုင်ရာ ကယ်ဆယ်ရေး)လုပ်ဆောင်ခဲ့ပေမယ့် ဆေးရုံသွားတဲ့လမ်းမှာပဲ သေဆုံးသွားခဲ့ပါတယ်။ဓားထိုးမှုအပြီး ကျူးလွန်သူ သက်လင်းဦးက ထွက်ပြေးဖို့ ကြိုးပမ်းခဲ့ပေမယ့် ပလက်တီနမ်စင်တာ လုံခြုံရေးတွေက ဖမ်းဆီးပြီး ရဲလက်အပ်ခဲ့ပါတယ်။ကနဦးမှာ ထိုင်းရဲက သက်လင်းဦးကို လူသတ်မှုနဲ့ စွဲချက်တင်ကာ အရေးယူနိုင်ဖို့ ဖမ်းဆီးထားပါတယ်။
ကိုးကား – The Thaiger
ဓာတ်ပုံ – Matichon

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version