Migrant Times Blog အလုပ်သမား သတင်း စက်ရုံလုပ်သားအများစု သင်္ကြန်ပိတ်ရက်မှာ နေရပ်ပြန်ဖို့ဝေခွဲမရသေးလို့ဆို
အလုပ်သမား သတင်း

စက်ရုံလုပ်သားအများစု သင်္ကြန်ပိတ်ရက်မှာ နေရပ်ပြန်ဖို့ဝေခွဲမရသေးလို့ဆို

စက်ရုံလုပ်သားအများစု သင်္ကြန်ပိတ်ရက်မှာ နေရပ်ပြန်ဖို့ဝေခွဲမရသေးလို့ဆို

မတ် ၂၁ ရက်၊ Migrant Time
  • ရန်ကုန်က စက်ရုံလုပ်သားအများစုဟာ သင်္ကြန်ပိတ်ရက်မှာနေရပ်ပြန်ဖို့ဝေခွဲမရသေးဘူးလို့ပြောပါတယ်။အလုပ်သမားတွေအနေနဲ့ ပိတ်ရက်အတိအကျကိုစက်ရုံဘက်ကမထုတ်ပြန်သေးတာ၊ ယာဥ်စီးခမြင့်တက်တာ၊ နယ်မြေမတည်ငြိမ်တာမျိုးတွေရှိနေတာကြောင့် ခရီးသွားဖို့အတွက် အကြပ်ရိုက်နေတယ်လို့ဆိုပါတယ်။”တစ်နှစ်တစ်ခါတော့ကိုယ့်ဒေသကိုယ်ပြန်ချင်တာပေါ့၊အခြေအနေတွေကဘာမှန်းမသိတော့ မဆုံးဖြတ်ရသေးဘူး။နယ်တူအသိတွေလည်း အဲဒီအတိုင်းပဲ”လို့ စစ်ကိုင်းတိုင်းကနေလာရောက်လုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။
  • ဒါ့အပြင် မှတ်ပုံတင်ရှိသူတွေကိုသာ အဝေးပြေးလိုင်းတွေက လက်မှတ်ရောင်းပေးပြီး လမ်းမှာလည်း စစ်ဆေးတာများတဲ့အတွက် မှတ်ပုံတင်မရှိတဲ့အလုပ်သမားတွေ အခက်တွေ့နေတယ်လို့လည်း ဆိုပါတယ်။မှတ်ပုံတင်မူရင်းပြနိုင်တဲ့သူကိုပဲ လက်မှတ်ရောင်းပေးဖို့ကို ပြီးခဲ့တဲ့သင်္ကြန်ရုံးပိတ်ရက်ကတည်းက ကျင့်သုံးခဲ့တာကြောင့် အဲဒီတုန်းကလည်း နေရပ်မပြန်လိုက်ရသူတွေရှိခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။”မှတ်ပုံတင်မရှိလို့ မနှစ်ကလည်းမပြန်ဖြစ်ဘူး။ဒီနှစ်လည်းပြန်ဖြစ်မယ်မထင်ဘူး”လို့ ရွှေပြည်သာစက်မှုဇုန်မှစက်ရုံလုပ်သားတစ်ဦးက ပြောပါတယ်။
  • လက်ရှိမှာသင်္ကြန်ရုံးပိတ်ရက်အတွက် အဝေးပြေးကားလက်မှတ်တွေကို ကြိုတင်ရောင်းပေးနေပေမယ့် ဝယ်ယူသူနည်းနေသေးတယ်လို့လည်း အဝေးပြေးယာဥ်လိုင်းတွေထံကစုံစမ်းသိရပါတယ်။အဝေးပြေးလိုင်းတွေအနေနဲ့ ကိုဗစ်ကပ်ရောဂါစတင်ချိန်ကစပြီး သင်္ကြန်ပိတ်ရက်ခရီးသွားကျဆင်းမှုနဲ့ကြုံခဲ့ကြရတာဖြစ်ပြီး ဒီနှစ်လည်းအများကြီးမျှော်လင့်မထားဘူးလို့ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version