Migrant Times Blog အလုပ်သမား သတင်း ထိုင်းမှာ တိုက်ပေါ်က ရေလှောင်ကန်ကို သန့်ရှင်းရေးလုပ်ရင်း မြန်မာလုပ်သား ဓာတ်လိုက် သေဆုံး
အလုပ်သမား သတင်း

ထိုင်းမှာ တိုက်ပေါ်က ရေလှောင်ကန်ကို သန့်ရှင်းရေးလုပ်ရင်း မြန်မာလုပ်သား ဓာတ်လိုက် သေဆုံး

ထိုင်းမှာ တိုက်ပေါ်က ရေလှောင်ကန်ကို သန့်ရှင်းရေးလုပ်ရင်း မြန်မာလုပ်သား ဓာတ်လိုက် သေဆုံး

မတ် ၂၂ ရက်၊ Migrant Times
  • ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ လတ်ချဒါမှာ တိုက်အပေါ်ဆုံးထပ်က ရေလှောင်ကန်ကို သန့်ရှင်းရေးလုပ်ရင်း မြန်မာလုပ်သား တစ်ဦးနဲ့ ထိုင်းအလုပ်သမား တစ်ဦး ဓာတ်လိုက်သေဆုံးသွားတယ်လို့ သိရပါတယ်။ဓာတ်လိုက်သတိလစ်နေတာကို တခြား လုပ်ဖော်ကိုင်ဖက်တွေက တွေ့ပြီး အ​ရေးပေါ်ကယ်ဆယ်ရေးလုပ်ပေးပေမယ့် သေဆုံးသွားတာလို့ ဆိုပါတယ်။သေဆုံးသူ ၂ ဦးဟာ ရေလှောင်ကန်သန့်ရှင်းရေး ပုံမှန်လုပ်နေကျသူတွေဖြစ်ပြီး အရင်က အခုလိုမျိုး မကြုံဖူးကြောင်း အလုပ်သမားတွေက ဆိုပါတယ်။
  • ရေစုပ်စက်နဲ့ ရေပိုက်ထဲဲမှာ လျှပ်စစ်မီးယိုစိမ့်မှုဖြစ်နိုင်တယ်လို့ အလုပ်သမား​တွေက သုံးသပ်ပေမယ့် တာဝန်ရှိသူတွေရဲ့ စစ်ဆေးချက်ကို စောင့်ကြည့်ရမှာလို့ ဆိုပါတယ်။အခုလိုဖြစ်ရပ်မျိုး နောက်ထပ်မဖြစ်စေဖို့ ရေ၊မီးလျှပ်စစ် လုပ်ငန်းလုပ်ရာမှာ အနည်းဆုံး ၂ ဦးအထက် ထားပေးရင် တစ်ခုခုအရေးအကြောင်းပေါ်ပါက သတိထားကူညီပေးနိုင်မယ်လို့ 7DH သတင်းဌာနက ဖော်ပြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version