Migrant Times Blog အလုပ်သမား သတင်း မဲဆောက်တွင် မြန်မာများနေထိုင်သော အဆောက်အဦးများ ထိုင်းစစ်တပ် စီးနင်း၊ မြန်မာ ၈၀ကျော် ဖမ်းဆီးခံရ
အလုပ်သမား သတင်း

မဲဆောက်တွင် မြန်မာများနေထိုင်သော အဆောက်အဦးများ ထိုင်းစစ်တပ် စီးနင်း၊ မြန်မာ ၈၀ကျော် ဖမ်းဆီးခံရ

မဲဆောက်တွင် မြန်မာများနေထိုင်သော အဆောက်အဦးများ ထိုင်းစစ်တပ် စီးနင်း၊ မြန်မာ ၈၀ကျော် ဖမ်းဆီးခံရ

မတ်လ ၂၃ရက်၊ Migrant Times
  • ထိုင်းအာဏာပိုင်တွေဟာ မြန်မာနိုင်ငံမှ တရားမဝင်ရွှေ့ပြောင်းအလုပ်သမား ၈၃ဦးကို ဖမ်းဆီးခဲ့ပြီး မဲဆောက်ရှိ အဆောက်အဦများကို ဝင်ရောက်စီးနင်းစဥ် စစ်ဘက်ဆိုင်ရာ ပစ္စည်းများနဲ့ ဆေးဝါးပစ္စည်းများကို သိမ်းဆည်းရမိတယ်လို့ Bangkok Post သတင်းဌာနက ဖော်ပြပါတယ်။မနေ့ နေ့ခင်းပိုင်းက ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြိို့ မယ်ပရှိ လေးခန်းတွဲအဆောက်အဦး အခန်း ၄၀ နီးပါးကို ထိုင်းစစ်သား၊ လူဝင်မှုကြီးကြပ်ရေးအရာရှိများ၊ ဒေသဆိုင်ရာအရာရှိများပူးပေါင်း တပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့တာပါ။
  • ထိုင်းထောက်လှမ်းရေးအစီရင်ခံစာများအရ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးအဖွဲ့များရဲ့ တပ်ဖွဲ့ဝင်များ အထူးသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ(PDF)က မြောက်ပိုင်းနယ်စပ်ကို ဖြတ်ကျော်လာပြီး နေထိုင်ခိုလှုံနေတယ်လို့ တင်ပြမှုများရှိလို့ ဝင်ရောက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။စီးနင်းမှုအတွင်း ကလေးငယ်များအပါအဝင် အသက်အရွယ်စုံ မြန်မာနိုင်ငံသား ၂၀၀ ကျော် အဆောက်အဦများအတွင်း နေထိုင်နေတာတွေ့ရပြီး အများစုဟာ ထွက်ပြေးတိမ်းရှောင်လာသူတွေ ဖြစ်တယ်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
  • အဆောက်အဦးများအတွင်းမှ ကျည်ဆန်များ၊ စစ်ဘက်ဆိုင်ရာပစ္စည်းနဲ့ ယူနီဖောင်းများ၊ ဒရုန်းများ၊ တော်လှန်ရေးတပ်ဖွဲ့များရဲ့ အမှတ်တံဆိပ်များနဲ့ ဆေးဝါးပစ္စည်းများကိုသိမ်းဆည်းရရှိခဲ့ပါတယ်။ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက ကလေးငယ်များအပါအဝင် တရားမဝင်ရွှေ့ပြောင်းအလုပ်သမား ၈၃ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းမှုလုပ်ဆောင်နေပါတယ်။
  • သတင်းရင်းမြစ်တစ်ဦးက အဲဒီအဆောက်အဦးတွေကို ပြန်လည်ပြုပြင်ခြင်းမရှိခင်က နှစ်ပေါင်းများစွာ စွန့်ပစ်ထားတယ်လို့ ပြောပါတယ်။ အချို့ရင်းနှီးမြှုပ်နှံသူတွေနဲ့ မြန်မာနိုင်ငံသားတွေက အဲဒီအဆောက်အဦးတွေကို ငှားရမ်းနေထိုင်ပြီး အစောင့်တွေလည်း ရှိတယ်လို့ သိရပါတယ်။ထိုင်းသတင်းဌာန Matichon ရဲ့ ဖော်ပြချက်အရ မြန်မာတော်လှန်ရေးအဖွဲ့တွေရဲ့ တပ်ဖွဲ့ဝင် ၅၀,၀၀၀ ကျော်ဟာ မဲဆောက်ရဲ့နေရာအနှံ့အပြားမှာ အလုပ်လုပ်နေတယ်ပြီး အချို့ဟာ စားသောက်ဆိုင်နဲ့ စျေးဆိိုင်များဖွင့်လှစ်ထားကာ အခြားသူတွေကတော့ နေအိမ်များနဲ့ ဟိုတယ်များ ငှားရမ်းနေထိုင်တယ်လို့ သိရပါတယ်။ထိုင်းအာဏာပိုင်တွေကတော့ အဲဒီမြန်မာနိုင်ငံသားတွေဟာ အချို့နိုင်ငံတကာအဖွဲ့အစည်းတွေထံမှ ကူညီထောက်ပံ့မှုရရှိနေတယ်လို့ ပြောပါတယ်။
ကိုးကား – Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version