Migrant Times Blog အလုပ်သမား သတင်း ထိုင်းနိုင်ငံ ဖက်အိစံမှာ သေဆုံးခဲ့တဲ့ လင်မယားနှစ်ဉီးအမှု တရားရုံးမတင်နိုင်သေး
အလုပ်သမား သတင်း

ထိုင်းနိုင်ငံ ဖက်အိစံမှာ သေဆုံးခဲ့တဲ့ လင်မယားနှစ်ဉီးအမှု တရားရုံးမတင်နိုင်သေး

ထိုင်းနိုင်ငံ ဖက်အိစံမှာ သေဆုံးခဲ့တဲ့ လင်မယားနှစ်ဉီးအမှု တရားရုံးမတင်နိုင်သေး

မတ် ၂၉ ရက်၊ Migrant Times
  • ထိုင်းနိုင်ငံ ဥဘွန် ဖက်အိစံ ဒေသမှာ ဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိုင်ငံသား လင်မယား သေဆုံးမှုနဲ့ ပတ်သက်ပြီး တရားရင်ဆိုင်နိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းနေရတယ်လို့ ဒီအမှုကို ကူညီပေးနေတဲ့ AAC (မဟာမိတ်) အဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ကိုနေလင်းသူက ပြောပါတယ်။“ ကျွန်တော်တို့ကို မိသားစုက အကူညီတောင်းလာလို့ လိုက်ကူညီဖြစ်တာပေါ့နော်။ သူတို့က သေမှုသေခင်းနဲ့ဖွင့်ထားတယ် ကျွန်တော်တို့က အသတ်ခံရတယ်ဆိုတာကို သက်သေတွေရှာပြီး အမှုပြန်ဖွင့်တာပေါ့နော်။ အခုထိတော့ တရားရုံးတင်နိုင်ဖို့အတွက် ကြိုးစားနေရတုန်းပါပဲ” လို့ ကိုနေလင်းသူက ရှင်းပြပါတယ်။
  • သေဆုံးခဲ့သူ လင်မယားနှစ်ဉီးဟာ ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်ကနေ ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့ ဝင်ရောက်လုပ်ကိုင်နေကြသူတွေ ဖြစ်ပြီး မတ်လ ၈ ရက်နေ့က ၎င်းတို့အလုပ်လုပ်ကိုင်ရာ စိုက်ပျိုးရေးခြံအနီးက ရေကန်ထဲမှာ သေဆုံးလျှက်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ဒီအမှုဟာ သွေးရိုးသားရိုး သေဆုံးမှု မဖြစ်နိုင်ဘူးဆိုတဲ့ သက်သေအထောက်အထားတွေ တွေ့ရှိရပေမယ့် ယခုအချိန်ထိ တရားရုံးတင်နိုင်ခြင်း မရှိသေးသလို ခြံပိုင်ရှင်ကလည်း နစ်နာကြေးပေးဖို့ ငြင်းဆန်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ- Naylin Thu

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version