Migrant Times Blog အလုပ်သမား သတင်း မလေးရှားမှာ မြန်မာလုပ်သားတွေ အုပ်စုလိုက်ရန်ဖြစ်ပြီး တစ်ဦးသေ၊ ရှစ်ဦးအဖမ်းခံရ
အလုပ်သမား သတင်း

မလေးရှားမှာ မြန်မာလုပ်သားတွေ အုပ်စုလိုက်ရန်ဖြစ်ပြီး တစ်ဦးသေ၊ ရှစ်ဦးအဖမ်းခံရ

မလေးရှားမှာ မြန်မာလုပ်သားတွေ အုပ်စုလိုက်ရန်ဖြစ်ပြီး တစ်ဦးသေ၊ ရှစ်ဦးအဖမ်းခံရ

ဧပြီ ၃ရက်၊ Migrant Times
  • မလေးရှားနိုင်ငံ Johor Bahru ပြည်နယ်မှာ မြန်မာလုပ်သား အမျိုးသား ခုနစ်ဦးနဲ့ အမျိုးသမီး တစ်ဦးတို့ကို ရန်ဖြစ်ပြီး လူသတ်မှုတစ်ခုမှာ ပါဝင်ပတ်သက်မှုနဲ့ မနေ့က ဖမ်းဆီးလိုက်တယ်လို့ The Sun သတင်းက ဖော်ပြထားပါတယ်။အဖမ်းခံရတဲ့ မြန်မာလုပ်သားအမျိုးသား ခုနစ်ဦးဟာ အသက် (၂၂)နှစ်နဲ့ (၅၁)နှစ်ကြားအရွယ်တွေဖြစ်ပြီး အမျိုးသမီးကတော့ အသက် (၃၅)နှစ်ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။မြန်မာလုပ်သားတွေစုပြီး ငှားရမ်းနေထိူင်ကြတဲ့ အိပ်ခန်းတစ်ခုထဲမှာ အုပ်စုလိုက် ရန်ဖြစ်ခဲ့ကြကြောင်း သတင်းပေးပို့လာလို့ သွားရောက်ရာမှာ မြန်မာလုပ်သား အသက် (၃၂)နှစ်အရွယ် အမျိုးသားတစ်ဦး ဓားနဲ့ ထိုးခံရပြီး သေဆုံးနေရာ (၅၁)နှစ်အရွယ် အမျိုးသားတစ်ဦးကတော့ ဒဏ်ရာရရှိထားတယ်လို့ ခရိုင်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။အခင်းဖြစ်ပွားရာမှာရှိနေသူ ရှစ်ဦးကို ဖမ်းဆီးထားပြီး နောက်ထပ် မြင့်လှိုင်ဆိုတဲ့ သံသယရှိသူကိုလည်း ရှာဖွေနေကြောင်းနဲ့ အဲဒီလူကိုတွေ့ရှိရင် သတင်းပေးကြဖို့လည်း ရဲတပ်ဖွဲ့က တောင်းဆိုထားပါတယ်။
(မလေးရှားနိုင်ငံ Johor Bahru ပြည်နယ်ရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ဧပြီ၂ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ – thesundaily)

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Exit mobile version