Migrant Times Blog အလုပ်သမား သတင်း သခွားသီးတင်ကားနဲ့ ပုန်းခိုလိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၁၃ ဦး မဲဆောက်မှာ ဖမ်းဆီးခံရ
အလုပ်သမား သတင်း

သခွားသီးတင်ကားနဲ့ ပုန်းခိုလိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၁၃ ဦး မဲဆောက်မှာ ဖမ်းဆီးခံရ

သခွားသီးတင်ကားနဲ့ ပုန်းခိုလိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၁၃ ဦး မဲဆောက်မှာ ဖမ်းဆီးခံရ

ဧပြီ ၂၃ ရက်၊ Migrant Times
  • ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အထွက် ဟွေ့ဟင်ဖွန်စုပေါင်းစစ်ရေးဂိတ်မှာ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၃ ဦးကို ဧပြီလ ၂၂ ရက်က ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ဟွေ့ဟင်ဖွန် စုပေါင်းစစ်ရေးဂိတ် တာဝန်ရှိသူတွေက သခွားသီးတင်ဆောင်လာတဲ့ ကားကိုစစ်ဆေးရာ ကားထဲမှာ ပုန်းခိုလိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၁၃ ဦးကို ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။
  • ဖမ်းဆီးရမိသူ ၁၃ ဦးအနက် ၁၂ ဦးဟာ ဧပြီလ ၂၂ ရက်က မြဝတီ-မဲဆောက် ချစ်ကြည်ရေးအမှတ် (၁) တံတားပေါ်က ဖြတ်သန်းလာပြီး တံတားကူးလက်မှတ်ပြုလုပ်လာခဲ့တာလို့ သိရပါတယ်။အဲဒီမြန်မာ ၁၂ ဦး၊ သူတို့ကို ခေါ်ဆောင်လာတဲ့ ပွဲစားလို့ ယူဆသူတစ်ဦးနဲ့ နယ်စပ်ဖြတ်ကျော်လက်မှတ် (တံတားကူးလက်မှတ်) မရှိသူ ၁ ဦးကို ထိုင်းနိုင်ငံဥပဒေအရ အရေးယူရန် မဲဆောက်ရဲစခန်းသို့ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version