Migrant Times Blog အလုပ်သမား သတင်း ထိုင်းမှာ အထောက်အထားမဲ့ မြန်မာလုပ်သား ၂၃ ဦး ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဖမ်းဆီးခံရ
အလုပ်သမား သတင်း

ထိုင်းမှာ အထောက်အထားမဲ့ မြန်မာလုပ်သား ၂၃ ဦး ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဖမ်းဆီးခံရ

ထိုင်းမှာ အထောက်အထားမဲ့ မြန်မာလုပ်သား ၂၃ ဦး ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဖမ်းဆီးခံရ

ဧပြီ ၃၀ ရက်၊ Migrant Times
  • ထိုင်းနိုင်ငံ၊ စမွတ်ပရကန်ခရိုင်၊ ဘန်ဖလီဒေသက ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ အထောက်အထားမဲ့ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၂၃ ဦးကို ဧပြီလ ၂၈ ရက်က ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့က ဖမ်းဆီးမိခဲ့တယ်လို့ Bangkok Post သတင်းဌာနမှာ ဖော်ပြပါတယ်။တံတားအနီး ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း တရားမဝင် နိုင်ငံခြားသား​ေတွကို အလုပ်ခန့်ထားကြောင်း သတင်းပေးတိုင်ကြားချက်အရ ထိုင်းလဝက အဖွဲ့များက မြေပြင်ကွင်းဆင်းစစ်ဆေးစဉ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ဝင်ရောက်စစ်ဆေးစဉ်မှာ အလုပ်သမားများစွာ ထွက်ပြေးခဲ့ကြပေမယ့် မြန်မာအလုပ်သမား ၂၃ ဦးကို ဖမ်းဆီးမိခဲ့တာပါ။
  • ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမားတွေမှာအလုပ်လုပ်ခွင့်လက်မှတ် Work Permit မရှိတာကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ စစ်ဆေးမှုကို ဦးဆောင်ခဲ့တဲ့ လဝကရဲမှူးကြီးက ပြောပါတယ်။အလုပ်သမားခေါင်းဆောင်ကို မြန်မာ အလုပ်သမားများအကြောင်း မေးမြန်းရာမှာ အလုပ်သမားခေါင်းဆောင် ကိုယ်တိုင်က မသင်္ကာဖွယ်​ဖြစ်နေခဲ့တာကြောင့်သူ့ကိုလည်း ထပ်မံစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
  • စစ်ဆေးချက်အရ အလုပ်သမားခေါင်းဆောင်ကိုယ်တိုင်က ထိုင်းနိုင်ငံအတွင်း အလည်အပတ်ဗီဇာနဲ့ ဝင်ရောက်လာခဲ့တဲ့ တရုတ်နိုင်ငံသားဖြစ်ပြီး ထိုင်းနိုင်ငံသားဟန်ဆောင်ကာ လုပ်ကိုင်နေကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။သူဟာ ဆောက်လုပ်ရေးလုပ်ငန်းမှာ ခွင့်ပြုချက်မရှိဘဲ အလုပ်သမားခေါင်းဆောင်အဖြစ် လုပ်ကိုင်နေခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ဖမ်းဆီးခံရသူအားလုံးကိုတရားစွဲဆိုဖို့ ဘန်ဖလီရဲစခန်းကို ပို့ဆောင်ထားပြီး သက်ဆိုင်ရာနိုင်ငံဆီ ပြန်ပို့မယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်ကလည်း ချင်းမိုင်မှာ အလုပ်ရှာဖို့သွားရောက်တဲ့ အထောက်အထားမဲ့ မြန်မာအလုပ်သမားအမျိုးသမီးတစ်ဦးကို ချင်းမိုင်လူဝင်မှု ကြီးကြပ်ရေးအဖွဲ့က ဖမ်းဆီးအရေးယူခဲ့ပါတယ်။
ကိုးကား – ဘန်ကောက်ပို့စ်

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version