Migrant Times Blog အလုပ်သမား သတင်း လှည်းကူးမြို့နယ်က Billion Smileအထည်ချုပ်စက်ရုံ လစာထုတ်မပေးဘဲ ပိတ်ထားတယ်လို့ဆို
အလုပ်သမား သတင်း

လှည်းကူးမြို့နယ်က Billion Smileအထည်ချုပ်စက်ရုံ လစာထုတ်မပေးဘဲ ပိတ်ထားတယ်လို့ဆို

လှည်းကူးမြို့နယ်က Billion Smileအထည်ချုပ်စက်ရုံ လစာထုတ်မပေးဘဲ ပိတ်ထားတယ်လို့ဆို

အရုဏ်ဦး၊ Migrant Times
  • ရန်ကုန်တိုင်း​​သေကြီး၊ လှည်းကူးမြို့နယ်၊ အင်းတိုင်ကျေးရွာမှာဖွင့်ထားတဲ့ Billion Smileအထည်ချုပ်စက်ရုံက လစာထုတ်မပေးဘဲ ပိတ်ထားတာကြောင့် အလုပ်သမားတွေ မကျေနပ်လို့ အဲဒီစက်ရုံရှေ့မှာ စုဝေးစောင့်ဆိုင်းနေကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။အဲဒီစက်ရုံက ဒီနေ့မှာ ဧပြီလအတွက် လစာ ထုတ်ဖို့ အလုပ်သမားတွေ အလုပ်လာချိန်မှာ စက်ရုံတံခါးပိတ်ထားပြီး ပေးမဝင်လို့ အပြင်မှာ စောင့်ဆိုင်းနေကြရတာဖြစ်တယ်လို့ ဆိုပါတယ်။”အလုပ်သမားတွေကတော့ တော်တော်မကျေမချမ်း ဖြစ်နေကြတယ်။ အော်ဟစ်ဆန္ဒပြတာမျိုးတော့ မရှိဘူး။ ဒီအတိုင်း လာစောင့်နေကြတာ ” လို့ အင်းတိုင်ကျေးရွာမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။
  • အဲဒီစက်ရုံသာ မြန်မာနိုင်ငံသားပိုင်လို့သိရ​ပြီး မေလ ၅ ရက်ကတည်းက လစာထုတ်​ပေးရမှာကို မ​ပေးဘဲ​ ရှောင်​နေတာလို့လည်း သူက ဆိုပါတယ်။မနေ့ကလည်း လစာထုတ်ဖို့ အလုပ်သမားတွေ စက်ရုံကို လာပေမယ့် မောင်းထုတ်ခံရပြီး ဒီနေ့ ထပ်စောင့်ဆိုင်းနေကြတာလို့ လှည်းကူးမြို့နယ်အခြေပြုသတင်းဌာနတစ်ခုက ရေးသားဖော်ပြထားပါတယ်။အဲဒီစက်ရုံမှာ ဝန်ထမ်း ၂၀၀ ကျော်ရှိပြီး စက်ရုံရှေ့မှာ လူစုလူဝေးနဲ့ စောင့်ဆိုင်းနေတာကြောင့် လုံခြုံရေးတပ်ဖွဲ့တချို့လည်း လာ​ရောက်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ စက်ရုံလုပ်သားတွေနဲ့ စက်ရုံဘက်ကို မေးမြန်းနိုင်ဖို့ ကြိုးစားနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version