Migrant Times Blog သတင်း မိုးပျံလမ်းဆောက်လုပ်ရေး Rama 2 မှာ ကွန်ကရစ်လမ်း တံတားထုပ်တန်းကြီး ပြုတ်ကျ၍ အလုပ်သမားတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
သတင်း

မိုးပျံလမ်းဆောက်လုပ်ရေး Rama 2 မှာ ကွန်ကရစ်လမ်း တံတားထုပ်တန်းကြီး ပြုတ်ကျ၍ အလုပ်သမားတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

မိုးပျံလမ်းဆောက်လုပ်ရေး Rama 2 မှာ ကွန်ကရစ်လမ်း တံတားထုပ်တန်းကြီး ပြုတ်ကျ၍ အလုပ်သမားတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

ခွန်သောမတ်စ်၊ Migrant Times
  • ထိုင်းနိုင်ငံ၊ ဘန်ကောက် မိုးပျံလမ်း ဆောက်လုပ်ရေး Rama 2 မှာ ဒီနေ့မနက်ပိုင်းက ကွန်ကရစ်လမ်း ထုပ်တန်းကြီး ပြုတ်ကျလို့ အလုပ်သမားတစ်ဦး သေဆုံး၊ တစ်ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။မတော်တဆမှုဖြစ်ပွားရတဲ့ အဓိကအကြောင်းအရင်းကိုအလုပ်သမားကာကွယ်ရေးနှင့် လူမှုဖူလုံရေးဌာနမှ စစ်ဆေးရေးမှူးချုပ် Mr. Somchai Uejaruporn၊ ဘန်ကောက် အလုပ်သမား ကာကွယ်ရေးနှင့် လူမှုဖူလုံရေးရုံး နယ်မြေ ၂ မှ ဒါရိုက်တာ Mr. Kittiwat Yimyong တို့သွားရောက်စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။အကြောင်းရင်းအမှန်ကို စုံစမ်းစစ်ဆေးဖို့ ထိုင်းနိုင်ငံ အမြန်လမ်း အာဏာပိုင်များက ဆောက်လုပ်ရေး လုပ်ငန်းကို ၇ ရက် ဆိုင်းငံ့ထားကြောင်း အလုပ်သမား ကာကွယ်ရေးနှင့် လူမှုဖူလုံရေး ဦးစီးဌာနမှ စစ်ဆေးရေးမှူးချုပ်က ပြောပါတယ်။
  • မတော်တဆမှုဖြစ်ရတဲ့ အကြောင်းရင်း အသေးစိတ်ကို ထပ်မံ ခွဲခြမ်းစိတ်ဖြာရန် လိုအပ်ကြောင်း အင်ဂျင်နီယာ ချုပ်က ပြောကြားပြီး ကနဦးမှာ ကန်ထရိုက်တာကုမ္ပဏီနှနဲ့ ထိုင်းနိုင်ငံ အမြန်လမ်း အာဏာပိုင်တို့နဲ့ တှေ့ဆုံမယျလို့ သိရပါတယ်။အမြန်လမ်း ကန်ထရိုက်ယူထားတဲ့ ကုမ္ပဏီက အလုပ်သမားတွေအတွက် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အထောက်အကူပြု ပစ္စည်းများနဲ့ ဝန်ထမ်းများ၏ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဒီမတော်တဆမှုဟာ အလုပ်သမားတွေရဲ့ ပေါ့ဆမှုကြောင့်လား သို့မဟုတ် စက်ကိရိယာ ချို့ယွင်းမှုကြောင့်လား ဆိုတာ အလုပ်သမားတွေရဲ့ လုံခြုံရေးအတွက် လုံလောက်တဲ့ တာဝန်ယူမှု ရှိရမှာ ဖြစ်ပါတယ်။
  • ၂၀၁၁ ခုနှစ် လုပ်ငန်းခွင် ဘေးကင်းရေး၊ ကျန်းမာရေးနှင့် လုပ်ငန်းပတ်ဝန်းကျင် အက်ဥပဒေမှာ ၁ နှစ်ထက်မပိုတဲ့ ထောင်ဒဏ် နဲ့ ဘတ် ၄၀၀,၀၀၀ ထက်မပိုသော ဒဏ်ငွေ၊ သို့မဟုတ် ထောင်ဒဏ်၊ငွေဒဏ် နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း အလုပ်သမားကာကွယ်ရေးနှင့် လူမှုဖူလုံရေးဌာနမှ စစ်ဆေးရေးမှူးချုပ် Mr. Somchai Uejaruporn က ပြောပါတယ်။ကွယ်လွန်သူ နဲ့ ထိခိုက်ဒဏ်ရာရသူ အလုပ်သမားရဲ့ မိသားစုအား ပြန်လည်ကုစားရေး စောင့်ရှောက်မှု အပါအဝင် ဘတ်ငွေ ၁,၂၁၃,၆၆၉.၂၇ ဖြင့် အာမခံအဖြစ် ထားရှိကူညီမှာဖြစ်ကြောင်း ဘန်ကောက်မြို့ ဧရိယာ ၇ လူမှုဖူလုံရေးရုံး ညွှန်ကြားရေးမှူး Ratchanee Phuprompan က ပြောကြားပါတယ်။
ကိုးကား၊ ဓာတ်ပုံ-thairath.co.th

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version