Migrant Times Blog အလုပ်သမား သတင်း စိတ်ကြွဆေးပြားကို လုပ်အားခနဲ့လဲပြီး လူပို့တဲ့ပွဲစားတစ်ဉီးအပါအဝင် တရားမဝင်မြန်မာ ၁၀ ဉီးကို ထိုင်းစစ်တပ်ဖမ်းဆီးမိ
အလုပ်သမား သတင်း

စိတ်ကြွဆေးပြားကို လုပ်အားခနဲ့လဲပြီး လူပို့တဲ့ပွဲစားတစ်ဉီးအပါအဝင် တရားမဝင်မြန်မာ ၁၀ ဉီးကို ထိုင်းစစ်တပ်ဖမ်းဆီးမိ

စိတ်ကြွဆေးပြားကို လုပ်အားခနဲ့လဲပြီး လူပို့တဲ့ပွဲစားတစ်ဉီးအပါအဝင် တရားမဝင်မြန်မာ ၁၀ ဉီးကို ထိုင်းစစ်တပ်ဖမ်းဆီးမိ

နိုင်၊ Migrant Times
  • ထိုင်းလို (ယာဘား) ခေါ် စိတ်ကြွဆေးပြားကိုလုပ်အားခအစား ရရှိပြီး တရားမဝင်အလုပ်သမားပို့ဆောင်ရေးလုပ်ငန်းမှာ ပါဝင်ပတ်သက်သူတစ်ဉီးနဲ့ တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၁၀ ဉီးကို ရနောင်းခရိုင်ခြေစိုက် ထိုင်းစစ်သားတွေက မနေ့ကဖမ်းမိခဲ့ပါတယ်။ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်ခြေစိုက် စု(က်)စမ်ရမ်စစ်ဆေးရေးဂိတ်က ထိုင်းတပ်ဖွဲ့ဝင်တို့က ကြိုတင်သတင်းရရှိမှုကြောင့် ကပေးမြို့နယ်၊ အုပ်စု ၄ မွမ့်ကလွမ်ကျေးရွာထဲက ဆိပ်ကမ်းနားမှာ နောက်ထပ်တစ်နေရာကိုဆက်သွားဖို့စောင့်စိုင်းနေကြတဲ့ တရားမဝင်မြန်မာအလုပ်သမား ( ကျား ၃ ဉီး၊ မ ၃ ဦး) တို့နဲ့ လိုက်ပို့ပေးပွဲစားတစ်ဉီးကို မနေ့ကဖြစ်တဲ့ မေလ ၇ ရကိနေ့မှာ စစ်ဆေးဖမ်းဆီးမိခဲ့တယ်လို့ အမှတ် ၂၅ ခြေလျင်တပ်ရင်း အထူးတပ်ဖွဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
  • လူပို့ပေးတဲ့ပွဲစားကို အာဏာပိုင်တွေစစ်ဆေးမေးမြန်းရာမှာ တရားမဝင်သူတွေကို ဆူရတ်ဌာနီခရိုင်မှာ အလုပ်လုပ်ဖို့ပို့ဆောင်ရန်အတွက် ဖမ်းဆီးမိတဲ့နေရာမှာ နောက်ထပ်ပွဲစားကားသမားအကြိုကိုစောင့်ခိုင်းထားတယ်လို့ထွက်ဆိုပါတယ်။ သူဟာ အလုပ်ကို ဖုန်းကနေတစ်ဆင့်ဆက်သွယ်အလုပ်အပ်ခံရတာဖြစ်ပြီး လုပ်အားခအစား စိတ်ကြွဆေးပြား ၁၂ ရယူတာဖြစ်တယ်လို့ ဆိုပါတယ်။ အလုပ်သမားတွေကတော့ အလုပ်အကိုင်ရဖို့အတွက် ပွဲစားခ တစ်ဉီးဘတ်ငွေ သုံးသောင်းပေးရပါတယ်။
  • ဒါ့အပြင် ရနောင်းထိုင်းစစ်သားတွေက မေလ ၈ ရက်နေ့မှာ စစ်ဆေးရေးဂိတ်ကို ဆိုင်ကယ်ဖြတ်ကျော်ဖို့ကြိုးစားတဲ့ အထောက်အထားမဲ့ မြန်မာအမျိုးသမီး နှစ်ဉီးနဲ့ ဂိတ်ကိုဖြတ်သန်းလာတဲ့ နှစ်တန်းထိုင်သစ်လိုင်းကားပေါ်မှာလည်း အထောက်အထားမရှိ မြန်မာအမျိုးသားတစ်ဉီးနဲ့ အမျိုးသမီးတစ်ဉီးတို့ကို ထပ်မံဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။တရားမဝင်ဝင်လာသူများနဲ့ အထောက်အထားမရှိဘဲ ခရီးသွားလာလုပ်ကြတဲ့သူများအပါအဝင် ပွဲစားတစ်ဉီးတို့ကို ဥပဒေအရ အရေးယူဖို့အတွက် သက်ဆိုင်ရာရဲစခန်းတွေမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version