Migrant Times Blog ရာသီဉတု သတင်း မိုချာမုန်တိုင်း စတင်နေသံရုံးတွေကတစ်ဆင့် မုန်တိုင်းဒဏ်ခံရသူများကို ကူညီနိုင်ဟုဆို
ရာသီဉတု သတင်း

မိုချာမုန်တိုင်း စတင်နေသံရုံးတွေကတစ်ဆင့် မုန်တိုင်းဒဏ်ခံရသူများကို ကူညီနိုင်ဟုဆို

မိုချာမုန်တိုင်း စတင်နေသံရုံးတွေကတစ်ဆင့် မုန်တိုင်းဒဏ်ခံရသူများကို ကူညီနိုင်ဟုဆို

စကားဝါ
မေလ ၁၄ ရက်၊ Migrant Times
  • ထိုင်း‌ရောက်မြန်မာနိုင်ငံသားများအနေနဲ့ မိုချာမုန်တိုင်းဝင်ရောက်နိုင်ချေရှိတဲ့ နေရာဒေသတွေ အတွက် ကူညီထောက်ပံ့မှုတွေ ပြုလုပ်ချင်တယ်ဆိုရင် ဘန်ကောက်သံရုံးနဲ့ ချင်းမိုင် ကောင်စစ်ဝန်ရုံးတွေကနေတဆင့် ကူညီနိုင်တယ်လို့ ဘန်ကောက်သံရုံးက မေလ ၁၂ ရက်နေ့က ကြေညာခဲ့ပါတယ်။မိုချာမုန်တိုင်းဟာ ရခိုင်ကမ်းရိုးတန်းကနေတဆင့် ချင်း၊ မကွေး၊ စစ်ကိုင်းနဲ့ ကချင်ပြည်နယ်တွေကို ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ပညာရှင်တွေက ခန့်မှန်းထားကြပြီး မေလ ၁၂ ရက်နေ့ကစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုတွေ ဖြစ်ပေါ်လျှက်ရှိပါတယ်။ဒီကနေ့ မေလ ၁၄ ရက်နေ့မှာတော့ ရခိုင်ကမ်းရိုးတန်းအပါအဝင် ချင်းနဲ့ မကွေးတိုင်းက မုန်တိုင်းလမ်းကြောင်းတချို့မှာ လေပြင်းတိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေပြီဖြစ်ပါတယ်။
  • “မုန်တိုင်းဒဏ်ခံရသော မြို့နယ်၊ ကျေးရွာများတွင် နေအိမ်များ ပျက်စီးခြင်း၊ စားရေရိက္ခာ လိုအပ်ခြင်းမှာ မဖြစ်မနေတွေ့ကြုံရမည်ဖြစ်သဖြင့် သွပ်ပြား၊ သံ၊ စားရေရိက္ခာ၊ ငွေလှူဒါန်းလိုသော ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် တစ်ဉီးချင်း၊ သို့မဟုတ် အဖွဲ့အစည်းအလိုက် လှူဒါန်း နိုင်ပါကြောင်း၊ အမည်နာမတပ်၍ လှူဒါန်းလိုပါကလည်း လှူဒါန်းသူ၏ အမည်နာမကိုဖော်ပြပေးသွားမည် ” လို့ ဘန်ကောက်သံရုံးက ဆိုပါတယ်။ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့ကတော့ ဘန်ကောက်သံရုံးကတဆင့် ထိုင်းရောက်မြန်မာနိုင်ငံသားတွေ လှူဒါန်းထားတဲ့ ခေါက်ဆွဲခြောက်ထုတ် တစ်သိန်းခွဲကျော်ကို ရခိုင်ပြည်နယ်နဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version