Migrant Times Blog အလုပ်သမား သတင်း တရားမ၀င် တရုတ်နိုင်ငံသားနဲ့ ခိုးသွင်းသူ တက္ကစီမောင်းသမား ထိုင်းနိုင်ငံ၊ မယ်ဆိုင်မှာ ဖမ်းဆီးခံရ
အလုပ်သမား သတင်း

တရားမ၀င် တရုတ်နိုင်ငံသားနဲ့ ခိုးသွင်းသူ တက္ကစီမောင်းသမား ထိုင်းနိုင်ငံ၊ မယ်ဆိုင်မှာ ဖမ်းဆီးခံရ

တရားမ၀င် တရုတ်နိုင်ငံသားနဲ့ ခိုးသွင်းသူ တက္ကစီမောင်းသမား ထိုင်းနိုင်ငံ၊ မယ်ဆိုင်မှာ ဖမ်းဆီးခံရ

မေ ၁၉ ရက်
ခွန်သောမတ်၊ Migrant Times
  • ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ချင်းရိုင်ပြည်နယ်၊ မွိုင်မြို့နယ်၊ ရော့်၀င်ကျေးရွာအုပ်စု၊ ပယန်မွန်မိုင် ကျေးရွာမှာတရားမ၀င် တရုတ်နိုင်ငံသားနဲ့ ခိုးသွင်းသူ တက္ကစီမောင်းသမား ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။မယ်ဆိုင်လူ၀င်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့နဲ့ အဖွဲ့စုံ ဂိတ်မှာ အဝါရောင် တံဆိပ်ပါ တက္ကစီမောင်းနှင်းလာတဲ့ ထိုင်းနိုင်ငံသား မစ္စတာ ပီရီယာနဲ့ တရုတ်နိုင်ငံသား Mr.LIU LUANG ကိုစစ်ဆေးရာမှာ စာရွက်စာတမ်းအထောက်အထား မရှိဘဲ ဘန်ကောက်ကိုပို့ဆောင်မှာကို စစ်ဆေးတွေ့ရှိပြီး ဖမ်းဆီးခဲ့ကြောင်း မယ်ဆိုင် လူ၀င်မှု့ ကြီးကြပ်ရေး ရဲတပ်ဖွဲ့ထံက သိရပါတယ်။Mr.LIU LUANG ဟာ ထိုင်း- မြန်မာနယ်စပ် မယ်ဆိုင်မြစ်ကြောင်းကတစ်ဆင့် ပို့ဆောင်ခ ၈၀၀၀ ဘတ်နဲ့ ထိုင်းကို ၀င်လာပြီး အဝါရောင် တက္ကစီကားမောင်းသူမှ လာကြိုကာ ဘန်ကောက်သို့ ပို့ဆောင်စဥ် မယ်ဆိုင်နယ်စပ်မှ ၁၂ ကီလိုမီတာခန့် ဝေးတဲ့ ပုံငမ်းစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိကြောင်းသိရပါတယ်။
  • ထိုင်း -မြန်မာ နယ်စပ်‌ဒေသကတစ်ဆင့် လူဝင်မှုကြီးကြပ်ရေး ဖြတ်သန်းမှု စာရွက် စာတမ်းမရှိတဲ့ တရုတ်နိုင်ငံသားတွေဟာ ထိုင်းနိုင်ငံထဲ လွယ်ကူစွာ ဝင်ရောက်ပြီး ထိုင်းနိုင်ငံမှာ တရားမ၀င်လုပ်ငန်းတွေကို လုပ်ကိုင်နေတာဖြစ်ပါတယ်။ချင်းမိုင်မြို့ရှိ တရုတ်သံရုံးကလည်း ဒီကိစ္စကို အလေးထား အာရုံစိုက် စောင့်ကြည့်​ေ ကြောင်းသိရပါတယ်။တရုတ်နိုင်ငံသားတွေဟာ မြန်မာနိုင်ငံသားစိစစ်ရေးကတ်ပြား စာရွက်စာတမ်း အတုတွေကိုင်ဆောင်ပြီး အထူး‌ဒေသနဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက​နေလာကြကြောင်း သိရှိရပြီး တရုတ် – မြန်မာ- လာအိုနယ်စပ်မှာ နိုင်ငံသား သက်သေခံကတ်ပြား ၂ ကတ် သို့မဟုတ် ၃ ကတ် ကိုင်ဆောင်ကြကြောင်း သိရပါတယ်။
ကိုးကား၊ ဓာတ်ပုံ-MAESAIPRESS

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version