Migrant Times Blog အလုပ်သမား သတင်း ထုတ်ပယ်ခံရတဲ့ ပိုင်အိုနီယားက အလုပ်သမား ၄၁၁ ဦးကို ထိုင်း အလုပ်သမားဝန်ကြီးဌာနက အရေးပေါ် အကူအညီပေး
အလုပ်သမား သတင်း

ထုတ်ပယ်ခံရတဲ့ ပိုင်အိုနီယားက အလုပ်သမား ၄၁၁ ဦးကို ထိုင်း အလုပ်သမားဝန်ကြီးဌာနက အရေးပေါ် အကူအညီပေး

ထုတ်ပယ်ခံရတဲ့ ပိုင်အိုနီယားက အလုပ်သမား ၄၁၁ ဦးကို ထိုင်း အလုပ်သမားဝန်ကြီးဌာနက အရေးပေါ် အကူအညီပေး

မေ ၂၂ ရက်
ခွန်သောမတ်၊ Migrant Times
  • ထိုင်းနိုင်ငံ၊ အယုဓယပြည်နယ်၊ အူထိုင်းမြို့နယ်ရှိ အလုပ်သမား ဝန်ထမ်း ၄၁၁ ဦးကို အလုပ်က ထုတ်ပယ်ကြောင်း Pioneer Manufacturing (Thailand) ကြေညာပြီး ယင်းကိစ္စနှင့် ပတ်သက်၍ ဝန်ထမ်းများအတွက် စိုးရိမ်မိကြောင်းနဲ့ အလုပ်သမား ကာကွယ်ရေးနှင့် လူမှုဖူလုံရေး ဦးစီးဌာနအား ဖြစ်ရပ်မှန် စုံစမ်းဖော်ထုတ် ညှိနှိုင်းဆောင်ရွက်ပေးရန် အလုပ်သမားဝန်ကြီး မစ္စတာ ဆူချတ် ချွမ်ကလင် ညွှန်ကြားထားပါတယ်။Phra Nakhon Si Ayutthaya ပြည်နယ်၊ အူထိုင်းမြို့နယ်ရှိ Pioneer Manufacturing (Thailand) Co., Ltd. မှာ ဝန်ထမ်း အလုပ်သမားစုစုပေါင်း ၁၅၄၉ ဦးရှိပြီး မော်တော်ကားဆိုင်ရာ ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ပြီး ကုန်ကြမ်းရှားပါးမှု ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့အတွက် ဝန်ထမ်း ၄၁၁ ဦးကို အလုပ်မှ ထုတ်ပယ်ရပ်စဲခြင်းအတွက် လျော်ကြေးနဲ့ လုပ်ခလစာကို စုစုပေါင်း ဘတ်ငွေ ၉၇ သန်းခန့် အလုပ်သမား တစ်ဦးချင်း၏ ဘဏ်အကောင့်သို့ ငွေလွှဲပြီးဖြစ်ကြောင်း သိရပါတယ်။
  • အယုဓယပြည်နယ်ရှိ ထုတ်ပယ်ခံရတဲ့ ပိုင်အိုနီယား အလုပ်သမား ၄၁၁ ဦးကို အလုပ်သမားကာကွယ်ရေးနှင့် လူမှုဖူလုံရေးရုံး၏ ဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ရှိသည့်အတိုင်း အလုပ်သမားနှင့် အလုပ်ရှင်အား လေးစားလိုက်နာဆောင်ရွက်ကြရန် အသိပေး ရှင်းလင်းခဲ့ပြီး လူမှုဖူလုံရေးရန်ပုံငွေမှ အလုပ်လက်မဲ့ အကျိုးခံစားခွင့်များ ရယူ တောင်းဆိုနိုင်ကြောင်း အလုပ်သစ်ရှာဖွေလိုသော ဝန်ထမ်းများအတွက် လစ်လပ်နေရာများကို မိတ်ဆက်အသိပေးအပ်ပါကြောင်း ပြည်နယ် အလုပ်အကိုင်ရှာဖွေရေးရုံးမှ ထုတ်ဖော်ပြောကြားပါတယ်။
  • ထိခိုက်နစ်နာတဲ့အလုပ်သမား ဝန်ထမ်းများအား လျော်ကြေးမပေးဘဲ အလုပ်မှရပ်စဲပါက ကုမ္ပဏီ၏ အလုပ်အကိုင် အခြေအနေကို အနီးကပ် စောင့်ကြည့်ရန် အလုပ်သမား ကာကွယ်ရေးနှင့် လူမှုဖူလုံရေး ဦးစီးဌာနမှ ညွှန်ကြားထားပြီး အကူအညီ နှင့် အကြံဥာဏ်များ ရယူလိုပါက Phra Nakhon Si Ayutthaya ပြည်နယ် အလုပ်သမား ကာကွယ်ရေးနှင့် လူမှုဖူလုံရေးရုံးသို့ စုံစမ်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း အလုပ်သမား ဝန်ကြီး မစ္စတာ ဆူချတ် ချွမ်ကလင်က ညွှန်ကြားထားပါတယ်။
ကိုးကား၊ ဓာတ်ပုံ-www.thairath.co.th

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version