မဲဆောက်မှာ မြန်မာလုပ်သား ၁၅ဦး ဖမ်းဆီးခံရ
မေ ၂၄ရက်၊ Migrant Times
- ထိုင်းနိုင်ငံ၊ တာ့က်ခရိုင်၊ မဲဆောက်မြို့နယ်က မယ်တောင်ကျေးရွာနားမှာ နေထိုင်တဲ့ အထောက်အထားစာရွက်စာတန်းမရှိတဲ့ မြန်မာလုပ်သား ၁၅ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။မေလ ၂၂ ရက် မနက် ၁၀ နာရီခန့်မှာ မယ်တောင်ကျေးရွာမှာရှိတဲ့ စက်ရုံတစ်ခုကို သွားရောက်စစ်ဆေးဖို့လုပ်ပြုရာမှာ အဲဒီစက်ရုံတစ်ရုံအနီးမှာ မြန်မာအလုပ်သမားတွေ တွေ့ရှိရတာကြောင့် စစ်ဆေးခဲ့ရာကနေ အခုလို ၁၅ဦး ဖမ်းဆီးခံခဲ့ရတာပါ။ဖမ်းဆီးရမိတဲ့ မြန်မာလုပ်သား ၁၅ ဦးကို ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာမှု၊ခွင့်ပြုချက်မရှိပဲ တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်မှုနဲ့ အမှုဖွင့်ထားပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
- လက်တလော မဲဆောက်မြို့မှာ လက်နတ်တွေအပြင် တရားမဝင်နေထိုင်သူတွေ ဆက်တိုက်ဖမ်းမိနေတာကြောင့် လုံခြုံရေးတင်းကြပ်ထားပြီး ထိုင်းအာဏာပိုင်တွေက စက်ရုံ၊ အလုပ်ရုံများကို ရှောင်တခင်ဝင် ရောက်စစ်ဆေးတာတွေ နေထိုင်ခွင့်အထောက်အထားမရှိတဲ့သူတွေကို ဖမ်းဆီးအရေးယူတာတွေ ပြုလုပ်နေပါတယ်။ထိုင်းအစိုးရက ကိုဗစ်ကပ်ရောထိန်းချုပ်ဖို့နဲ့ လုံခြုံရေးအရ နယ်စပ်ဝင်ပေါက်တွေကို တင်းကြပ်ထားပြီး တရားမဝင်လာရောက်သူတွေကို စောင့်ကြည့်ပြီး နေ့စဥ်ဖမ်းဆီးမှုတွေပြုလုပ်နေတာ ဖြစ်ပါတယ်။ အဲဒီဖမ်းဆီးရမိတဲ့အထဲက အများစုဟာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေပါ။
- “ထောင်နဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိင်ငံထဲမှာ နေ့စဥ်ဖမ်းဆီးခံနေရပါတယ်။ မြန်မာပြည်တွင်းမှာ နိုင်ငံရေးမငြိမ်သက်မှု့၊ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှု့များနဲ့ အလုပ်အကိုင်ရှားပါးသည့်ဒဏ်တွေကြောင့်မြန်မာနိုင်ငံသားတွေအနေနဲ့နေ့စဥ်၊နယ်စပ်ကိုတရားမဝင်ဖြတ် ကျော်နေကြပါတယ်။အခုလပိုင်းတွေမှာ ဝင်လာတာပိုများနေတာတွေ့ရပါတယ်”လို့ ထိုင်းနိုင်ငံတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED) ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။
ကိုးကား၊ ဓာတ်ပုံ- မဲဆောက်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန
