Migrant Times Blog အလုပ်သမား သတင်း ဇီဘူထရမင်း Sibutramine ရောစပ်ပြီး ကိုယ်အလေးချိန်ကျ ဆေးပြားများ တင်သွင်းသည့် ထိုင်းအလုပ်သမား ၄ ဦးကို ထိုင်ဝမ်တွင် ဖမ်းဆီး
အလုပ်သမား သတင်း

ဇီဘူထရမင်း Sibutramine ရောစပ်ပြီး ကိုယ်အလေးချိန်ကျ ဆေးပြားများ တင်သွင်းသည့် ထိုင်းအလုပ်သမား ၄ ဦးကို ထိုင်ဝမ်တွင် ဖမ်းဆီး

ဇီဘူထရမင်း Sibutramine ရောစပ်ပြီး ကိုယ်အလေးချိန်ကျ ဆေးပြားများ တင်သွင်းသည့် ထိုင်းအလုပ်သမား ၄ ဦးကို ထိုင်ဝမ်တွင် ဖမ်းဆီး

မေ၂၆ ရက်
ခွန်သောမတ်၊ Migrant Times
  • ထိုင်းနိုင်ငံမှ ဇီဘူထရမင်း Sibutramine ပါဝင်သော ကိုယ်အလေးချိန် ကျဆေးပြားများ တင်သွင်းမှုအား ထိုင်ဝမ် အာဏာပိုင်များက တွေ့ရှိပြီးနောက် ထိုင်းအလုပ်သမား လေးဦး ကို မှုခင်းနှိမ်နှင်းစစ်ဆေးရေးဌာန နှင့် တိုင်ချွန်မြို့ ထိုင်ဝမ်အမျိုးသား ရဲအေဂျင်စီ မှ ဖမ်းဆီးခဲ့ကြောင်း Radio Taiwan International သတင်းမှာ ဖော်ပြထားပါတယ်။ထိုင်၀မ် အလုပ်သမား၀န်ကြီးဌာန၏ ထုတ်ဖော်ပြောပြချက်အရ ယမန်နေ့ ၂၅ ရက် မေလ ၂၀၂၃ ခုနှစ်တွင် ဖမ်းဆီးခံရ ထိုင်းအလုပ်သမား ၄ ဦးမှာ တိုင်ပေမြို့ ရှိ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခု၏ ၀န်းထမ်းဖြစ်ပြီး sibutramine သည် ထိုင်ဝမ်တွင် တားမြစ်ထားသော အရာဖြစ် သည်ကို မသိကြောင်း ထွက်ဆိုထားပြီး အဆိုပါအမှုကို တရားရုံးသို့ တင်ပြရန် စောင့်ဆိုင်း နေပါတယ်။
  • “Sibutramine” သည် စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုရှိသော မူးယစ်ဆေးဝါး အမျိုးအစား 4 ၄ တွင် ပါ၀င်ပြီး အစာစားချင်စိတ်ကို ထိန်းပေးခြင်း နှလုံးကို တုန်လှုပ် စေမယ့် ဘေးထွက်ဆိုးကျိုးများ ရှိပါတယ်။ သွေးကြောများနှင့် နှလုံးခုန်နှုန်းများ ရပ်ပြီး သေဆုံးစေနိုင်ပါတယ်။ ထိုင်၀မ်တွင် “Sibutramine” တင်သွင်းသူနှင့် ဖြန့်ဖြူးရောင်း ချသူများကို ၁၂ နှစ်ထက် မပိုသော ထောင်ဒဏ်နှင့် ထိုင်ဝမ်ဒေါ်လာ ၅,၀၀၀,၀၀၀ ထက်မပိုသော ငွေဒဏ်လည်း ချမှတ်ထားပါတယ်။ထိုင်းနိုင်ငံတွင် ဇီဘူထရမင်း (Zibutramine) ကို တားမြစ်ဆေးအဖြစ် သတ်မှတ်ကြောင်း ထုတ်ဖော်ပြောဆိုပြီး မူးယစ်ဆေးဝါးဥပဒေ အရ အမျိုးအစား ၁ တွင် စိတ်ကိုပြောင်း လဲစေခြင်းနှင့် နှလုံးရောဂါဖြစ်နိုင်ခြေ မြင့်မားတာကြောင့် ဆေးဘက်ဆိုင်ရာတွင် အသုံးပြုခြင်းမှ တားမြစ်ထားသော်လည်း ဆေးပြားများနှင့် ကိုယ်အလေးချိန်ကျစေသော ဖြည့်စွက်စာများတွင် လျှို့ဝှက်စွာ ရောစပ်နေသည်ကို တွေ့ရကြောင်း ဆေးဝါးပညာရှင် Sompong Apiromrak က ပြောကြားပါတယ်။ထိုင်ဝမ်နိုင်ငံတွင် အလုပ် သွားလုပ်မည့်သူများအတွက် ဇီဘူထရမင်း (Zibutramine) နှင့် အခြားတားမြစ်ထားသည့် ဆေး၀ါးများဆိုင်ရာကို ရွေ့ပြောင်းအလုပ်သမားထံ အသိပေးထုတ်ပြန်ကြေညာသွားမည်ဟု ထိုင်း အလုပ်သမားဝန်ကြီးဌာနမှ ပြောပါတယ်။
ကိုးကား၊ ဓာတ်ပုံ-www.thaipbs.or.th  

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version