MoU သက်တမ်းပြည့် မြန်မာလုပ်သားတွေကိစ္စ MWRN က ညွှန်ချုပ်နဲ့တွေဆုံဆွေးနွေး
စကားဝါ
မေ ၂၇ ရက်၊ Migrant Times
- ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း LRF၊ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် MWRN က ထိုင်းနိုင်ငံ အလုပ်သမား ညွှန်ကြားရေးမှူးချုပ်နဲ့ တွေ့ဆုံပြီး သက်တမ်းကုန် MOU ကိစ္စ၊ စာရွက် စာတမ်းပြုလုပ်ရာတွင် အဆမတန် ဈေးနှုန်း မြင့်မားတဲ့ကိစ္စတွေအပါအဝင် မြန်မာရွေ့ပြောင်းအလုပ်သမားတွေကိစ္စ ဆွေးနွေးခဲ့တယ်လို့ ဒီကနေ့ မေလ ၂၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။“ အဓိကကတော့ မြန်မာ့နိုင်ငံရေးကြောင့် အလုပ်သမားတွေ ပြည်တွင်းပြန်ပြီး MoU သက်တမ်းတိုးဖို့ခက်ခဲနေတယ်ဆိုတာတွေရယ် အလုပ်သမားတွေ အခုကြုံနေရတဲ့ ကိစ္စတွေရယ်ကို သွားပြောပြတာပေါ့။ သူတို့ဘက်ကလည်း ချက်ချင်းဆုံးဖြတ်လို့မရသေးဘူးလေ အစိုးရသစ်တက်လာမှ အစိုးရကိုတင်ပြရဉီးမှာဆိုတော့ ကြိုပြီးပြောပြထားတဲ့သဘောပါပဲ ” လို့ MWRN ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဉီးအောင်ကျော်က ပြောပါတယ်။
- တွေ့ဆုံဆွေးနွေးမှုနဲ့ပတ်သက်လို့ ညွန်ချုပ်ဘက်က အကြောင်းပြန်ကြားချက်ကိုတော့ အသေးစိတ်မသိရသေးပါဘူး။လက်ရှိအချိန်မှာ MoU ၄ နှစ်ပြည့်အလုပ်သမားတွေဟာ မြန်မာနိုင်ငံကိုပြန်ပြီး MoU စာချုပ်ချုပ်ဆိုပြီး ပြန်လာရမှာဖြစ်ပါတယ်။ဒါပေမဲ့ အလုပ်သမားတွေ နေရပ်ပြန်ဖို့က မလွယ်ကူနိုင်တဲ့ အနေအထားမှာ ရှိနေတဲ့ကိစ္စကို ဝိုင်းဝန်းဖြေရှင်းကြဖို့လိုတယ်လို့ အလုပ်သမားရေးလှုပ်ရှားသူတွေက ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက အကြံပြုတိုက်တွန်းနေကြတာဖြစ်ပါတယ်။
ဓာတ်ပုံ-MWRN
