Migrant Times Blog အလုပ်သမား သတင်း ရုံးတံဆိပ်အသုံးပြုပြီး NGO အလုပ်လျှောက်လွှာလိမ်လည်ရောင်းချနေသူတွေကို အရေးယူမယ်လို့ ILO သတိပေး
အလုပ်သမား သတင်း

ရုံးတံဆိပ်အသုံးပြုပြီး NGO အလုပ်လျှောက်လွှာလိမ်လည်ရောင်းချနေသူတွေကို အရေးယူမယ်လို့ ILO သတိပေး

ရုံးတံဆိပ်အသုံးပြုပြီး NGO အလုပ်လျှောက်လွှာလိမ်လည်ရောင်းချနေသူတွေကို အရေးယူမယ်လို့ ILO သတိပေး

ဇွန်လ ၄ရက်၊ Migrant Times
  • အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)ရုံးတံဆိပ်အသုံးပြုပြီး အွန်လိုင်းကနေ လိမ်လည် ငွေကောက်ခံကာ အလုပ်အကိုင်ပေးဆောင်နေတာတွေနဲ့ပတ်သက်ပြီး တရားဥပဒေအရ အရေးယူသွားမယ်လို့ ILO က သတိပေးထုတ်ပြန်ပါတယ်။NGO အလုပ်လျှောက်လွှာတွေနဲ့ပတ်သက်ပြီး ILO ရုံးတံဆိပ်အသုံးပြုပြီးတော့ အွန်လိုင်းကနေ လိမ်လည်ငွေကြေးကောက်ခံ ရောင်းချနေတာလို့ ဆိုပါတယ်။ဒါ့အပြင် ILO အဖွဲ့ဟာ အလုပ်အကိုင်လျှောက်ထားမှုတွေအတွက် မည်သည့်အခါမျှ ငွေကြေးကောက်ခံမှာမဟုတ်ဘူးလို့လည်း ထပ်မံအသိပေးထားပါတယ်။လိမ်လည်သူတွေဟာ ILO ဝက်ဘ်ဆိုက်အတုတွေနဲ့ လိမ်လည်နေတာလို့လည်း ဆိုပါတယ်။ဒါ့ကြောင့် အဲဒီလို လိမ်လည်နေသူတွေကို ခွင့်ပြုမှာမဟုတ်ဘဲ တရားဥပဒေအရ အရေးယူသွားမယ်လို့ ဖော်ပြထားပါတယ်။အလုပ်အကိုင်အခွင့်အလမ်းနဲ့ပတ်သက်ပြီး လူမှုကွန်ရက်ကတဆင့် အလုပ်သမားတွေကို လိမ်လည် ငွေကြေးကောက်ခံတာတွေ တွေ့ရှိပါက အလုပ်သမားတွေအနေနဲ့ အလုပ်သမားအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Exit mobile version