Migrant Times Blog အလုပ်သမား သတင်း ပင်စင်သက်တမ်းမတိုးဖို့ ပြင်သစ်အလုပ်သမားများ ဆန္ဒပြ
အလုပ်သမား သတင်း

ပင်စင်သက်တမ်းမတိုးဖို့ ပြင်သစ်အလုပ်သမားများ ဆန္ဒပြ

ပင်စင်သက်တမ်းမတိုးဖို့ ပြင်သစ်အလုပ်သမားများ ဆန္ဒပြ

ဇွန် ၆ ရက်
ခွန်သောမတ်၊ Migrant Times
  • ပြင်သစ်သမ္မတ Emmanuel Macron ရဲ့ ပင်စင်ပြုပြင်ပြောင်းလဲရေးဥပဒေမှာ ပြင်သစ် အလုပ်သမားတို့ရဲ့ အငြိမ်းစားယူမယ့် အသက် ၆၂ နှစ်အစား ၆၄ နှစ်အထိ တိုးမြှင့်ဖို့ စီစဉ်ထားတာကို ပြင်သစ်အလုပ်သမားသမဂ္ဂက ဒီနေ့ ဦးဆောင် ဆန္ဒပြခဲ့ပါတယ်။ပြင်သစ်သမ္မတ Emmanuel Macron အစိုးရဟာ ပင်စင်ပြုပြင်ပြောင်းလဲရေး ဥပဒေအသစ်ကို ပြဌာန်းဖို့ လုပ်ဆောင်နေတာပါ။”ဒီဆန္ဒပြပွဲဟာ ခြောက်လလောက် ကြာလာခဲ့ပြီး ဒါဟာ မကြုံစဖူးပါပဲ။ ပြင်သစ်လူထုက အလွန်ကို ဒေါသထွက်ခဲ့ပြီး အခုတော့ အားနည်းသွားပြီ ”လို့ CGT အလုပ်သမားသမဂ္ဂ ခေါင်းဆောင်အသစ် Sophie Binet က BFM TV သို့ ပြောကြားခဲ့ပါတယ်။
  • အလုပ်သမား ဆန္ဒပြပွဲတွေမှာ နိုင်ငံတစ်ဝှမ်းက လူပေါင်း ၄ သိန်းမှ ၆ သိန်းခန့်အထိ လမ်းမပေါ်ထွက်လာနိုင်ပြီး ပြီးခဲ့တဲ့ ပြင်သစ်နိုင်ငံသား ၁ သန်းကျော် ကနဦး ဆန္ဒပြပွဲတွေကနေ သိသိသာသာ ကျဆင်းသွားလိမ့်မယ်လို့ ပြင်သစ်အာဏာပိုင်များက ခန့်မှန်းထားပါတယ်။ရထား ပို့ဆောင်ရေး လမ်းကြောင်း​တွေ ရံဖန်ရံခါ ပိတ်ဆို့နိုင်ပေမယ့် ပြင်းထန်မှု မရှိဘဲ ပြင်သစ်ရဲ့ မြေအောက်ရထား ပို့ဆောင်ရေး မက်ထရိုကွန်ရက်ဟာ ပုံမှန်အတိုင်း လည်ပတ်နေပေမယ့် Paris လေဆိပ်ကနေအော်လီ လေဆိပ်သို့ ပျံသန်းမှု သုံးပုံတစ်ပုံကို ဖျက်သိမ်းထားကြောင်း ရထားလမ်း ပို့ဆောင်ရေး ကုမ္ပဏီ SNCF က ပြောပါတယ်။
  • ပင်စင်သက်တမ်းတိုးမှုနဲ့ပတ်သက်ပြီးလွှတ်တော်မှာ အခု နှစ်ရက်အတွင်း ပြန်လည်သုံးသပ်မယ်လို့လည်း သိရပါတယ်။Emmanuel Macron ၏ ပါတီ အောက်လွှတ်တော် ဥက္ကဋ္ဌက အဆိုပါဥပဒေကြမ်းအား ပယ်ချမယ်လို့ လေ့လာသူများက မျှော်လင့်နေကြပြီး ပြင်သစ် ဖွဲ့စည်းပုံအရ ပြည်သူ့ဘဏ္ဍာငွေကို ထိခိုက်စေတဲ့ ဥပဒေမူကြမ်းကို လွှတ်တော်ကိုယ်စားလှယ်တွေက အတည်ပြုနိုင်မှာ မဟုတ်ကြောင်း သိရပါတယ်။
ဓာတ်ပုံ -thestandard.co

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version